၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဒိုင်းတရာကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင်ပစ္စည်းများ အား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့်-
- ကျောင်းဝင်းအတွင်းရှိ (၉၀x၃၀)ပေ ကွန်ကရစ်ခင်း၊ အုတ်ကာ၊ သွပ်မိုး (၃)ခန်းတွဲ ကျောင်းဆောင်၏ အစွန်ဆုံးအခန်း အတွင်းရှိ စာသင်ခုံများနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ မီးလောင်ပျက်စီးကာ မှန်ပြတင်းပေါက် ၃ ချပ်ကွဲအက် ပျက်စီးခဲ့။
ထိုကဲ့သို့ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဒိုင်းတရာကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင်ပစ္စည်းများ အား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျောင်းဝင်းအတွင်းရှိ (၉၀x၃၀)ပေ ကွန်ကရစ်ခင်း၊ အုတ်ကာ၊ သွပ်မိုး (၃)ခန်းတွဲ ကျောင်းဆောင်၏ အစွန်ဆုံးအခန်း အတွင်းရှိ စာသင်ခုံများနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ မီးလောင်ပျက်စီးကာ မှန်ပြတင်းပေါက် ၃ ချပ်ကွဲအက် ပျက်စီးခဲ့။
Add new comment