ပြည်ထောင်စုဝန်ကြီးများ ဂျပန်နိုင်ငံခြားသတင်းထောက်များအသင်း၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr. KHALDON AZHARI အား လက်ခံတွေ့ဆုံ

      နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများသည် ဂျပန်နိုင်ငံခြားသတင်းထောက်များ အသင်း(Foreign Correspondent Club of Japan - FCCJ) ၏ ဥက္ကဋ္ဌဟောင်း  Mr.   KHALDON AZHARI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို မေလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်ဆောင်ရွက်နေမှု၊ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နိုင်ငံတကာမီဒီယာများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ခဲ့။
  • အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် နိုင်ငံတကာမီဒီယာများနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့။
  • ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မီဒီယာကဏ္ဍဆိုင်ရာကိစ္စရပ်များပူးပေါင်းဆောင်ရွက်ရေး၊ The Global New Light of Myanmar သတင်းစာကို အသွင်သဏ္ဌာန်ပြောင်းလဲ၍ အဆင့်မြှင့် တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေများ၊ အရှေ့အလယ်ပိုင်းဈေးကွက်နှင့် ဆက်စပ်ဆောင်ရွက်နိုင်မည့်  ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး Mr.   KHALDON AZHARI က သိရှိလို၍ မေးမြန်းသည့် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်များနှင့် အလား အလာများကို ရှင်းလင်းပြောကြားခဲ့။

ဂျပန်နိုင်ငံခြားသတင်းထောက်များအသင်း၏ဥက္ကဋ္ဌဟောင်းသည် ၎င်း၏ခရီးစဉ်အတွင်း ကျောက်မျက်ရတနာပြတိုက်နှင့် ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား သွားရောက်လေ့လာကြည်ညိုခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၅-၂၀၂၃)

 
   
  • ပြည်ထောင်စုဝန်ကြီးများ ဂျပန်နိုင်ငံခြားသတင်းထောက်များအသင်း၏ဥက္ကဋ္ဌဟောင်းအား လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်နေမှု များ၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် နိုင်ငံတကာမီဒီယာများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ The Global New Light of Myanmar သတင်းစာကို အသွင်သဏ္ဌာန်ပြောင်းလဲ၍ အဆင့်မြှင့်တင်ဆောင် ရွက်ရေး၊ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေများ၊ အရှေ့အလယ်ပိုင်းဈေးကွက်နှင့် ဆက်စပ်ဆောင်ရွက်နိုင်မည့် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက် နိုင်မည့် နယ်ပယ်များနှင့် အလားအလာများအား ဆွေးနွေးခဲ့။

 

Add new comment