သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

      မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းသို့ ဦးတည်နေသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) ဝင်ရောက်တိုက်ခတ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများက ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်အရေးပေါ်ဆောင်ရွက်လျက်ရှိပါသည်-

  • မေလ ၁၁ ရက်တွင် နေပြည်တော်ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ပြုလုပ်ခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)နှင့် စပ်လျဉ်းပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ မုန်တိုင်းလမ်းကြောင်းကျရောက်နိုင်သည့် မြို့နယ်များတွင် လိုအပ်သည်များ အသင့်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ပျက်စီးဆုံးရှုံးမှုအနည်းဆုံးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်မည့်အခြေအနေများ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား၊ ယာဉ်အင်အား၊ စက်ပစ္စည်းကိရိယာအင်အားများ စုဖွဲ့ထားရှိမှုအခြေအနေများ၊ Cyclone Shelter နှင့် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွေ့ပြီးစီးမှုအခြေအနေများ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ စေလွှတ်ပြီးစီးမှုအခြေအနေများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာတဲများနှင့် တာပေါ်လင်စများ အသင့်ပြင် ဆင်ထားရှိမှုအခြေအနေများကို ဆွေးနွေးခဲ့။
  • မေလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်  များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့များ ကြိုတင် ပြင်ဆင်ထားရှိခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအထောက်အကူပြုပစ္စည်းများ သိုလှောင်ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံကာကွယ်ရေးအဆောက်အဦများ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ် (၅) မျိုးနှင့် သောက်သုံးရေလုံလောက်စွာရရှိရန် ဆောင်ရွက်ထားရှိခြင်းတို့ကို သက်ဆိုင်ရာနယ်မြေအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ။  

မိုခါမုန်တိုင်းအခြေအနေအား မြန်မာ့အသံနှင့် မြဝတီရုပ်မြင်သံကြားတို့မှာ နာရီစဉ်အလိုက် ပြောင်းလဲဖြစ်ပေါ်နေမှုများအား အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပြီး မုန်တိုင်းလမ်းကြောင်းအတွင်း ကျရောက်နိုင်သည့် မြို့/ရွာ များရှိ ပြည်သူလူထုအား ဘေးလွတ်ရာသို့ ရွေ့ပြောင်းနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၅-၂၀၂၃)

  • အစည်းအဝေးတွင် မုန်တိုင်းကျရောက်နိုင်သည့် မြို့နယ်များတွင် ပျက်စီးဆုံးရှုံးမှုအနည်းဆုံးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်မည့် အခြေအနေများ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့များ စေလွှတ်ပြီးစီးမှုအခြေအနေများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာတဲများ၊ တာပေါ်လင်စများ အသင့်ပြင်ဆင်ထားရှိမှုအခြေအနေများကို ဆွေးနွေးခဲ့။
  • သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအထောက်အကူပြုပစ္စည်းများ သိုလှောင်ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံကာကွယ်ရေးအဆောက်အဦများ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ်()မျိုးနှင့် သောက်သုံးရေလုံ လောက်စွာရရှိရန် ဆောင်ရွက်ထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိ။

Add new comment