တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ-
-
မေလ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ ချင်းပြည်နယ်၊ ဂန့်ဂေါမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှ အမျိုးသား ၁ ဦး စုစုပေါင်း ၅ ဦးတို့သည် ၎င်းတို့နှင့် အတူပါရှိလာသော BAREDDA အမျိုးအစား ပစ္စတို ၁ လက်၊ လက်လုပ် ပစ္စတို ၂ လက်နှင့် ခဲယမ်းများအား အပ်နှံ၍ အလင်းဝင်ရောက်ခဲ့ရာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ ငွေများ အသီးသီး ပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့ပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည် ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားပြီး မေလ ၁၀ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၃၈၈ ဦးနှင့် အမျိုးသမီး ၁၃၄ ဦး စုစုပေါင်း ၅၂၁ ဦး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၄-၂၀၂၃)
-
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ ချင်းပြည်နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မွန်ပြည်နယ်မှ အမျိုးသား ၁ ဦး စုစုပေါင်း ၅ ဦးတို့သည် ၎င်းတို့နှင့်အတူပါရှိလာသော BAREDDA အမျိုးအစား ပစ္စတို ၁ လက်၊ လက်လုပ်ပစ္စတို ၂ လက်နှင့် ခဲယမ်းများအား အပ်နှံ၍ ဝန်ခံကတိလက်မှတ်ရေး ထိုးစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကာ ၎င်းတို့၏ အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
-
မေလ ၁၀ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၃၈၈ ဦးနှင့် အမျိုးသမီး ၁၃၄ ဦး စုစုပေါင်း ၅၂၁ ဦး ရှိပြီဖြစ်။
Add new comment