သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Cen-tre-DMC) လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို မေလ ၉ ရက်တွင် အဆိုပါသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနတွင် ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁)၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၁)၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က-
- အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆောင် ၍ မေလ ၆ ရက်တွင် ပြုလုပ်ခဲ့သည့် အရေးပေါ်အစည်းအဝေးလမ်းညွှန်ချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနကို ဖွင့်လှစ်ခဲ့ကြောင်း။
- မုန်တိုင်း၏ အခြေအနေအလိုက် သာမန်အချိန်၊ အရေးပေါ်အချိန်၊ အရေးကြီးအချိန်နှင့် ပြန်လည်ထူထောင်ရေးအချိန်ဟူ၍ အပိုင်း (၄) ပိုင်း ခွဲ၍ ဆောင်ရွက်ရမည်ဖြစ်ရာ ယခုမှာ သာမန်အချိန်နှင့် အရေးပေါ်အချိန်ဆောင်ရွက်ရမည့်လုပ်ငန်းများကို တစ်ပြိုင်နက် တည်း ဆောင်ရွက်နေကြောင်း။
- တိုင်းဒေသကြီး/ပြည်နယ်များမှ စာရင်းဇယားကောက်ယူမည့် သတ်မှတ်ပုံစံများအတိုင်း လိုအပ်သည့်အချက်အလက်များ ပြည့်ပြည့်စုံစုံ ထည့်သွင်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ထံ တင်ပြရန်လိုကြောင်း။
- DMC အား ၂၄ နာရီ ဖွင့်လှစ်ထားရန်လိုပြီး ဆက်သွယ်ရေးမပြတ်တောက်စေရေး လိုအပ်သည်များ ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း။
- မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနှင့် ဦးတည်ရာလမ်းကြောင်း ပြောင်းလဲမှုအရ အရေးပေါ်အချိန်နှင့် အရေးကြီးအချိန်တို့တွင် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို တစ်ပြိုင်တည်း ဆောင်ရွက်ရနိုင်ကြောင်း။
- ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ရန်အတွက် DMC မှ သတင်းအချက်အလက်များ ပေးပို့တင်ပြရန်လိုကြောင်း။
- မုန်တိုင်းဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ အနည်းဆုံးဖြစ်ရန်နှင့် ပြန်လည်ထူထောင်ရေးအပိုင်းတွင် အမြန်ဆုံးနှင့် ထိထိရောက်ရောက်ဖြစ်စေရန် DMC မှ တာဝန်ရှိသူများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါ သည်။
ထို့နောက်လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ လက်ရှိဖြစ်ပေါ်နေသည့် မုန်တိုင်းအခြေအနေ၊ နိုင်ငံတကာမိုးလေဝသ Website များနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ခန့်မှန်းချက်များ၊ သုံးသပ်ချက်များ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိမှု အခြေအနေတို့အား ဆွေးနွေးတင်ပြခဲ့ကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁)နှင့် ဒုတိယဥက္ကဋ္ဌ (၂)တို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၅-၂၀၂၃)
- မုန်တိုင်း၏ အခြေအနေအလိုက် သာမန်အချိန်၊ အရေးပေါ်အချိန်၊ အရေးကြီးအချိန်နှင့် ပြန်လည်ထူထောင်ရေးအချိန်ဟူ၍ အပိုင်း (၄) ပိုင်း ခွဲ၍ ဆောင်ရွက်ရမည်ဖြစ်ရာ ယခုမှာသာမန်အချိန်နှင့် အရေးပေါ်အချိန်ဆောင်ရွက်ရမည့်လုပ်ငန်းများကို တစ်ပြိုင် နက်တည်း ဆောင်ရွက်လျက်ရှိ။
- DMC အား ၂၄ နာရီ ဖွင့်လှစ်ထားရန်လိုပြီး ဆက်သွယ်ရေးမပြတ်တောက်စေရေး လိုအပ်သည်များ ကြိုတင်ဆောင်ရွက်ထားရန်လို။
- မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနှင့် ဦးတည်ရာလမ်းကြောင်း ပြောင်းလဲမှုအရ အရေးပေါ်အချိန်နှင့် အရေးကြီးအချိန်တို့တွင် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင်။
- ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ရန်အတွက် DMC မှ သတင်းအချက်အလက်များ ပေးပို့တင်ပြရန်လို။
- မုန်တိုင်းဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ အနည်းဆုံးဖြစ်ရန်နှင့် ပြန်လည်ထူထောင်ရေးအပိုင်းတွင် အမြန်ဆုံးနှင့် ထိထိရောက်ရောက်ဖြစ်စေရန် DMC မှ တာဝန်ရှိသူများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းကြိုးပမ်းဆောင်ရွက်သွားကြရန်။
Add new comment