တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အစိုးရအဖွဲ့များက ၎င်းတို့ပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား စားရေရိက္ခာပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိပါသည်-
- မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ယာယီတိုက်ပွဲရှောင်မိသားစုဝင် လူဦးရေ ၅၄၀ တို့အတွက် ဆန် ၆ ပြည်ပါ အိတ် ၅၄၀၊ ဆီ ၁၆၂ ပိဿာနှင့် ဆား ၁၆၂ ပိဿာ၊ ခေါက်ဆွဲခြောက်အထုပ် ၅၄၀၊ ကြက်သွန်နီ ၁၃၅ ပိဿာ၊ ကြက်သွန်ဖြူ ၁၃၅ ပိဿာ၊ အာလူး ၂၄၃ ပိဿာ၊ ကုလားပဲ ၁၃၅ ပြည်၊ ကြက်ဥ အလုံး ၁,၀၈၀ နှင့် ကျောင်းဝတ်စုံ(ဖြူ/စိမ်း) အစုံ ၁၂၀၊ အမျိုးသား/အမျိုးသမီးဝတ် လုံချည် ၅၄၀ ထည်၊ တီရှပ်အင်္ကျီ၊ ဆပ်ပြာ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများအား ပခုက္ကူမြို့ ၌ ထောက်ပံ့ပေးအပ်ခဲ့။
- စစ်ကိုင်းဒေသကြီးအတွင်းရှိ ယာယီတိုက်ပွဲရှောင်မိသားစုဝင်များအား ဆန် ၁၁၂,၄ အိတ်၊ ကြက်ဥအလုံး ၄,၅၇၀၊ ခေါက်ဆွဲခြောက်ထုပ် ၄,၅၇၀၊ ကြက်သွန်နီ၄၅၇ ပိဿာ၊ အာလူး ၄၅၇ ပိဿာ၊ ကျောင်းဝတ်စုံ ၁၅၀၊ ဗလာစာအုပ်ဒါဇင် ၁၅၀ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပုံး ၉၁၄ ပုံးတို့အား မုံရွာမြို့၊ စစ်ကိုင်းမြို့နှင့် ချောင်းဦးမြို့၌ ထောက်ပံ့ပေးအပ်ခဲ့။
- ကရင်ပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်မိသားစုဝင်များအား ငွေကျပ်စုစုပေါင်း ၅၃၅,၅၁၅,၇၅၃ တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခေါက်ဆွဲခြောက်များနှင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံး ပစ္စည်းများအား လှိုင်းဘွဲ့မြို့နှင့် ကမမောင်းမြို့တို့၌ ထောက်ပံ့ပေးအပ်ခဲ့။
- ကယားပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်မိသားစုဝင်များအား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများအပါအဝင် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၁၁,၉ သိန်းကျော်အား လွိုင်ကော်မြို့၌ ထောက်ပံ့ပေးအပ်ခဲ့။
- ရခိုင်ပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်မိသားစုဝင် ၄၉၁ ဦးအတွက် ဆန် ၁၅၄ အိတ်၊ ကျောင်းစိမ်းဝတ်စုံ ၁၀၀၊ ဗလာစာအုပ်ဒါဇင် ၁၀၀နှင့် ပစ္စည်း ၁၇ မျိုးပါ family kit များကို စစ်တွေမြို့၌ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် လိုအပ်သည်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၄-၂၀၂၃)
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အစိုးရအဖွဲ့များက ၎င်းတို့ပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား စားရေရိက္ခာပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ် ခဲ့။
Add new comment