ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြု

       နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားခဲ့ရာ မတ်လ ၂၈ ရက်အထိ နိုင်ငံရေးပါတီတည်ထောင်လိုသောပါတီ ၁၃ ပါတီ၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၃ ပါတီ လာရောက်လျှောက်ထားလျက်ရှိပါသည်။ အဆိုပါပါတီများအနက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်အမှတ် အသီးသီးထုတ်ပြန်၍ နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ နိုင်ငံရေးပါတီအမှတ် (၁) မှ (၉) အထိ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီအမှတ် (၁၀) မှ (၁၄) အထိ ထပ်မံခွင့်ပြုခဲ့ပါသည်။

  • မေလ ၄ ရက်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီကို နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ် (၁၀) အနေဖြင့်လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီကို နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ် (၁၁) အနေဖြင့်လည်းကောင်း၊
  • မေလ ၅ ရက်တွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ကို  နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ် (၁၂) အနေဖြင့်လည်းကောင်း၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ် (၁၃) အနေဖြင့် လည်းကောင်း၊
  • မေလ ၈ ရက်တွင် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ် (၁၄) အနေဖြင့်လည်းကောင်း အသီးသီးထုတ်ပြန်ကြေညာခဲ့ပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၅-၂၀၂၃)

  • မတ်လ ၂၈ ရက်အထိ နိုင်ငံရေးပါတီတည်ထောင်လိုသောပါတီ ၁၃ ပါတီ၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၃ ပါတီ လာရောက်လျှောက်ထားလျက်ရှိ
  • အဆိုပါပါတီများအနက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်အမှတ် အသီးသီးထုတ်ပြန်၍ နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ နှင့်အညီ နိုင်ငံရေးပါတီအမှတ် () မှ () အထိ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီအမှတ် (၁၀) မှ (၁၄) အထိ ထပ်မံခွင့်ပြုခဲ့။

Add new comment