ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာအတွင်းသို့ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်များ မီးလောင်ပျက်စီး

      ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား မေလ ၇ ရက် ညပိုင်းတွင် KIA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အကြမ်းဖက်သမားများက ကျေးရွာ၏မြောက်ဘက် မီတာ ၇၀၀ ခန့် အကွာမှနေ၍ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏ အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် အဆိုပါအကြမ်းဖက်သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၁၅ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အကြမ်းဖက်သမားများသည် ၎င်းတို့ကို မထောက်ခံသည့်ကျေးရွာများနှင့် ဆက်ကြေးမပေးသည့်ကျေးရွာများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏ လာရောက်ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ကျေးရွာနေပြည်သူများအနေဖြင့် ၎င်းတို့၏ရက်စက်ယုတ်မာမှုများကို စက်ဆုပ်ရွံရှာမုန်းတီးလျက်ရှိပါသည်။

ထိုသို့အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ် ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၅-၂၀၂၃)

  • ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာအတွင်းသို့ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ် ၁၅ လုံးမီးလောင်ပျက်စီးခဲ့။

Add new comment