CRPH၊ NUG အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက မေလ ၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ မောတောင်သို့ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ်သည် တနင်္သာရီမြို့နယ်၊ မိုင်တိုင်အမှတ်၊ ၃၃/၃ နေရာသို့ ရောက်ရှိစဉ် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ခရီးသွားပြည်သူ အမျိုးသား ၁ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်များကို ဆက်ကြေးများ ကောက်ခံလေ့ရှိပြီး ယခုလိုမကြာခဏတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးမှုရှိပါက မှားယွင်းပစ်ခတ်မှုသာဖြစ်ကြောင်း ၎င်းဒေသရှိ PDF များက သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါလုပ်ရပ်များအား NUG/PDF များ လုပ်ဆောင်နေသည်ကိုသိသည့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့အား ရွံရှာမုန်းတီးလျက်ရှိပါသည်။
အထက်ပါဖြစ်စဉ်မှ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၅-၂၀၂၃)
- PDF အမည်ခံအကြမ်းဖက်သမားများက မြိတ်မြို့မှမောတောင်သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား လက်လုပ်မိုင်းတစ်လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ခရီးသွားပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့။
Add new comment