အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီများနှင့် (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို မေလ ၈ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်း အဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီ ၂၂ ခုမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက-
- မြန်မာနိုင်ငံ၏ စီးပွားရေး ပိုမိုကောင်းမွန်လာစေရေးအတွက် ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်းစီးပွားရေးတို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အေအီးစီလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် ၂၀၂၃ ခုနှစ် အတွင်း ဆောင်ရွက်ရန်လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။
- ၂၀၂၃ ခုနှစ် အာဆီယံက ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းခေါင်းစဉ် ၁၆ ခု နှင့်စပ်လျဉ်း၍ ယင်းလုပ်ငန်းများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးအတွက်ပါ ကိုဗစ်-၁၉ အလွန် ဈေးကွက်ပြန်လည်ချိတ်ဆက်နိုင်မည့် အရေးကြီးသည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ ဒေသတွင်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများလည်း ပါဝင်ကြောင်း၊ တချို့လုပ်ငန်းများသည် ကဏ္ဍအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်၍ အားလုံးပါဝင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ် ကြောင်း၊ အေအီးစီအနေဖြင့် ယခုနှစ်တွင် နှစ်အလိုက်အကောင်အထည်ဖော်ရန်အတွက်လည်း လုပ်ငန်း ၁၁၈ ခုကို ချမှတ်ထားကြောင်း။
- ဆောင်ရွက်သည့်လုပ်ငန်းများသည် လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်၊ အကောင်အထည်ဖော်ရန် ကျန်ရှိသည့်လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကိုလည်း ပိုမိုရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့။
ထို့နောက်လုပ်ငန်းကော်မတီများက အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။
အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီကို မြန်မာနိုင်ငံအနေဖြင့် အေအီးစီလုပ်ငန်းများ အကောင်အထည်ဖော်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ ၂၂ ခုဖြင့် ဖွဲ့စည်း ထားရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၅-၂၀၂၃)
- အေအီးစီအနေဖြင့် ယခုနှစ်တွင် နှစ်အလိုက် အကောင်အထည်ဖော်ရန်အတွက်လည်း လုပ်ငန်း ၁၁၈ ခုကို ချမှတ်ထား။
- ဆောင်ရွက်သည့်လုပ်ငန်းများသည် လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်၊ အကောင်အထည်ဖော်ရန် ကျန်ရှိသည့်လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကိုလည်း ပိုမိုရရှိမည်ဖြစ်။
- အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို မြန်မာနိုင်ငံအနေဖြင့် အေအီးစီလုပ်ငန်းများ အကောင်အထည်ဖော်မှုများကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ ၂၂ ခုဖြင့် ဖွဲ့စည်းထား။
Add new comment