ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

      ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို မေလ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(ဘီ)ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ၌ ဆုရရှိခဲ့သူများ၊  မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက်(၆၅)နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်နယ်/တိုင်းဒေသကြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများက ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးအနေဖြင့် စံပြကြက်ခြေနီစခန်းများ ဖွင့်လှစ်ဂုဏ်ပြုသည့် အစီအစဉ်ကို ၁၉၇၁ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး စံပြကြက်ခြေနီစခန်း (၁၇) ကြိမ်၊ စံပြကြက်ခြေနီတပ်ဖွဲ့ဝင်မောင်မယ်ပေါင်း ,၃၇၉ ဦး၊ ၁၉၉၃ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ ထူးချွန်ကြက်ခြေနီစခန်း (၂၁) ကြိမ်၊ ထူးချွန်ကြက်ခြေ နီတပ်ဖွဲ့ဝင်မောင်မယ် ,၂၃၇ ဦးရှိခဲ့ပါသည်။

နိုင်ငံတော်အနေဖြင့် ထူးချွန်စွာဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များကို အသိအမှတ်ပြုချီးမြှင့်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ရက်တွင် မြစ်ကြီးနားမြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ကြပ်ကြီး စိုင်းအောင်လှိုင်မြင့် (ဟင်နရီဒူးနန့်ဆုရှင်)က ဝဏ္ဏ ကျော်ထင်ဘွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အသင်းဝင်များအနေဖြင့် ၎င်းတို့သွေးလှူဒါန်းသည့် အကြိမ်များအလိုက် လူမှုထူးချွန်တံဆိပ်များကို ရရှိခဲ့ပါသည်။ အဆိုပါသွေးလှူရှင်များအနက် လူမှုထူးချွန်ဆု(ပထမအဆင့်)ကို ကချင်ပြည်နယ်မှ ကြက်ခြေနီအသင်းဝင် နှစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ကြက်ခြေနီအသင်းဝင်တစ်ဦးတို့က ရရှိခဲ့ပြီး ကမ္ဘာ့ကြက်ခြေနီနေ့များကို ၁၉၄၈ ခုနှစ်မှ စတင်၍ နှစ်စဉ် ကမ္ဘာတစ်ဝန်း၌ကျင်းပခဲ့ရာ ယခုနှစ်တွင် (၇၅)နှစ် စိန်ရတုနှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၅-၂၀၂၃)

  • ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို မေလ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ၌ ဆုရရှိခဲ့သူများကို တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ခဲ့။
  • နိုင်ငံတော်အနေဖြင့် ထူးချွန်စွာဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များကို အသိအမှတ်ပြု ချီးမြှင့်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ရက်တွင် ဝဏ္ဏကျော်ထင်ဘွဲ့တစ်ဦး၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အသင်းဝင်များအနေဖြင့် ၎င်းတို့ သွေးလှူဒါန်းသည့် အကြိမ်များအလိုက် လူမှုထူးချွန်တံဆိပ်များကို ရရှိခဲ့။

Add new comment