ဆိုင်ကလုန်း မုန်တိုင်းဖြစ်ပေါ်လာနိုင်သည့် ခန့်မှန်းချက်သတင်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

 

    ဘင်္ဂလားပင်လယ်အော်တွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်သည့် ခန့်မှန်းချက်သတင်းများ ထွက်ပေါ်လာမှုနှင့်ပတ်သက်၍ ပြည်သူလူထုက စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိနေမှုအပေါ် မုန်တိုင်း၏လက်ရှိအခြေအနေနှင့် အစိုးရ၏ စီမံဆောင်ရွက် ထားရှိမှုများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ဖြေကြားချက်မှ ကောက်နုတ်ချက်များမှာ-

  • မြန်မာနိုင်ငံ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်အတွင်း၌ မေလ ၈ ရက်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်၍ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အားကောင်းသည့် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ လာကာ မြန်မာနိုင်ငံအတွင်းသို့ မေလ ၁၃ ရက်နှင့် ၁၄ ရက်ခန့်တွင် ဝင်ရောက်လာနိုင်ကြောင်း။
  • ခန့်မှန်းချက်အားလုံးသည် တိုင်းထွာသည့်အချိန်၊ အသုံးပြုသည့်ပုံစံနှင့် အသုံးပြုသည့် ဒေတာများအပေါ်မူတည်၍ အမျိုးမျိုးပြောင်းလဲနိုင်သဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း။
  • မုန်တိုင်းဖြစ်ပေါ်လာပါက မုန်တိုင်းအဆင့် သတ်မှတ်ချက်တွေဖြစ်သည့် အဝါရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်၊ အညိုရောင်အဆင့်၊ အစိမ်းရောင်အဆင့်စသည်တို့ကို အချိန်မီပြည်သူများသိရှိအောင် ထုတ်ပြန်ပေးသွားမည်ဖြစ်။
  • နိုင်ငံပိုင်မီဒီယာများဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နိုင်ငံပိုင် Radio FM တို့မှတစ်ဆင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ကြေညာချက်၊ မုန်တိုင်းသတိပေးချက်များကို ကြေညာပေးလျက်ရှိ။
  • နိုင်ငံတော်ဝန်ကြီးချုပ်၏ညွှန်ကြားချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအရေးပေါ်အစည်းအဝေးကို ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ဦးစီး၍ ဆောင်ရွက်ခဲ့။
  • အဆိုပါအစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း အဓိကအချက်လေးချက်ဖြစ်သည့် မုန်တိုင်းဝင်ရောက်လာမည်ဆိုပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ယခုကတည်းက ကြိုတင်ပြင်ဆင်ရန်၊ မုန်တိုင်းဝင်ရောက်ချိန်တွင် အရေးကြီးပစ္စည်းများဖြစ်သည့် ဆက်သွယ်ရေးစက်၊ ကယ်ဆယ်ရေးပစ္စည်းများကို ယခုကတည်းက ဖြန့်ခွဲပေးပို့ထားရန်၊ မုန်တိုင်းသည် အခြားနေရာသို့ ပြောင်းရွေ့သွားခဲ့လျှင်လည်း ကြိုတင်ပြင်ဆင်ထားသည့် လေ့ကျင့်ခြင်း အကျိုးကျေးဇူးကို ရရှိမည်ဖြစ် ကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ပြင်ဆင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း။
  • ကြိုတင်ပြင်ဆင်မှု ထိခိုက်ခံရနိုင်ခြေများသည့်နေရာဖြစ်သော ဧရာဝတီတိုင်းဒေသကြီးတွင် ဘေးဒဏ်ခံနားခိုရာအဆောက်အအုံများ၊ ဆိုင်ကလုန်းရှက်တာ ၄၇ ခု၊ ဘေးဒဏ်ခံ တည်ဆောက်ပြီး ၁၁၈ ခု၊ တည်ဆောက်ဆဲ ၁၇ ခုရှိပြီး ကယ်ဆယ်ရေးပစ္စည်းများ ကိုလည်း စုပုံထားပြီးဖြစ်ကြောင်း။
  • ရှာဖွေကယ်ဆယ်ရေး အရေးပေါ်သုံးပစ္စည်းများအနေဖြင့် ဖိုက်ဘာစက်လှေ ၅၉ စင်း၊ အသက်ကယ်အင်္ကျီ အထည် ၂,၅၀၀ ခန့်နှင့် အသက်ကယ်ဘောကွင်း၊ ရေစုပ်စက်၊ ရေစုပ်ပိုက်တို့ကိုလည်း ဖြန့်ခွဲထားပြီးဖြစ်ကြောင်း။
  • တစ်နိုင်လုံးအတိုင်းအတာအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်လျှင် ခိုနားရန်အတွက် မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၁၄၃ လုံးရှိပြီး အသုံးပြုရမယ့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ဖြန့်ခွဲထားပြီးဖြစ်ကြောင်း။
  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ အနီးကပ်စောင့်ကြည့်နိုင်ရန်နှင့် လျင်မြန်စွာတုံ့ပြန်နိုင်ရန်အတွက် Disaster Management Center ဖွင့်လှစ်၍ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း။
  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအဖွဲ့များက မုန်တိုင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်များနှင့် အသေးစိတ်အသိပေးချက်များကို ပြုလုပ်ထားသဖြင့် ကောလာဟလများကို မယုံကြည်ကြရန်နှင့် တရားဝင်သတင်းမီဒီယာများ၏ သတင်းကို နားစွင့်နေကြရန်လိုကြောင်း။

ပြည်သူလူထုအနေဖြင့် နိုင်ငံပိုင်မီဒီယာများနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ချက်များကို အလေးထားနားထောင်လိုက်နာရန် အကြံပြုလိုကြောင်းနှင့် အစိုးရအနေဖြင့် ပြည်သူများ သဘာဝဘေးအန္တရာယ်မှ အဆုံးအရှုံး အနည်းဆုံးဖြင့် ကျော်လွှားနိုင်စေရေးကို ယခုချိန်ကစ၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၅-၂၀၂၃)

  • မြန်မာနိုင်ငံ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်အတွင်း၌ မေလ ၈ ရက်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်၍ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိကာ မြန်မာနိုင်ငံအတွင်းသို့ မေလ ၁၃ ရက်နှင့် ၁၄ ရက် ခန့်တွင် ဝင်ရောက်လာနိုင်။
  • ခန့်မှန်းချက်အားလုံးသည် တိုင်းထွာသည့်အချိန်၊ အသုံးပြုသည့်ပုံစံနှင့် အသုံးပြုသည့်ဒေတာများအပေါ်မူတည်၍ အမျိုးမျိုးပြောင်းလဲနိုင်သဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးမည်ဖြစ်။
  • မုန်တိုင်းဖြစ်ပေါ်လာပါက မုန်တိုင်းအဆင့် သတ်မှတ်ချက်တွေဖြစ်သည့် အဝါရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်၊ အညိုရောင်အဆင့်၊ အစိမ်းရောင်အဆင့် စသည်တို့ကို အချိန်မီပြည်သူများသိရှိအောင် ထုတ်ပြန်ပေးသွားမည်ဖြစ်။
  • နိုင်ငံတော်ဝန်ကြီးချုပ်၏ညွှန်ကြားချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအရေးပေါ်အစည်းအဝေးကို ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ဦးစီး၍ ဆောင်ရွက်ခဲ့။
  • တစ်နိုင်လုံးအတိုင်းအတာအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်လျှင် ခိုနားရန်အတွက် မုန်တိုင်းဒဏ်ခံအဆောက်အအုံ ၁၄၃ လုံးရှိပြီး အသုံးပြုရမယ့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ဖြန့်ခွဲထားပြီးဖြစ်။
  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ အနီးကပ်စောင့်ကြည့်နိုင်ရန်နှင့် လျင်မြန်စွာ တုံ့ပြန်နိုင်ရန်အတွက် Disaster Management Center ဖွင့်လှစ်၍ စောင့်ကြည့်သွားမည်ဖြစ်။
  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအဖွဲ့များက မုန်တိုင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်များနှင့် အသေးစိတ်အသိပေးချက်များကို ပြုလုပ်ထားသဖြင့် ကောလာလများကို မယုံကြည်ကြရန်နှင့် တရားဝင်သတင်းမီဒီယာများ၏ သတင်းကို နားစွင့်နေကြရန်လို။
  • ပြည်သူလူထုအနေဖြင့် နိုင်ငံပိုင်မီဒီယာများနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ချက်များကို အလေးထားလိုက်နာရန်။

Add new comment