ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြု

      နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားခဲ့ရာ မတ်လ ၂၈ ရက်အထိ နိုင်ငံရေးပါတီတည်ထောင်လိုသော ၁၃ ပါတီ၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ပါတီ ၅၀ ၊ စုစုပေါင်း ၆၃ ပါတီ လာရောက်လျှောက်ထားလျက်ရှိပါသည်။ အဆိုပါပါတီများအနက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်အမှတ်အသီးသီး ထုတ်ပြန်၍ နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ နိုင်ငံရေးပါတီအမှတ် (၁) မှ (၉) အထိ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီအမှတ် (၁၀) မှ (၁၃) အထိ ထပ်မံခွင့်ပြုခဲ့ပါသည်။

  • မေလ ၄ ရက်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီကို နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ်(၁၀)အနေဖြင့်လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီကို နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ်(၁၁)အနေဖြင့်လည်းကောင်း၊
  • မေလ ၅ ရက်တွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ကို  နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ်(၁၂) အနေဖြင့်လည်းကောင်း၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ်(၁၃)အနေဖြင့် လည်းကောင်း အသီးသီး ထုတ်ပြန်ကြေညာခဲ့ပါသည်။
  •  

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၅-၂၀၂၃)

  • မတ်လ ၂၈ ရက်အထိ နိုင်ငံရေးပါတီတည်ထောင်လိုသော ၁၃ ပါတီ၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀ စုစုပေါင်း ၆၃ ပါတီ လာရောက်လျှောက်ထားလျက်ရှိ
  • အဆိုပါပါတီများအနက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်အမှတ်အသီးသီးထုတ်ပြန်၍ နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ နှင့်အညီ နိုင်ငံရေးပါတီအမှတ် () မှ () အထိ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီအမှတ် (၁၀) မှ (၁၃) အထိ ထပ်မံခွင့်ပြုခဲ့။

Add new comment