လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်(Minsk)မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံသားနှင့်လူဝင်မှုကြီးကြပ်ရေးဌာနနှင့် နိုင်ငံတကာလေ့ကျင့်ရေးအကယ်ဒမီသင်တန်း ကျောင်းတို့၌ မေလ ၄ ရက်မှ ၆ ရက်ထိ သွားရောက်လေ့လာခဲ့ရာတွင်-
- မင့်စ်ခ်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၏ Cryptotech ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းမှတ်ပုံတင်ရေးစင်တာ၌ e-ID ကတ်နှင့် Passport အတွင်းသို့ ခေတ်မီနည်းပညာများနှင့် စက်ပစ္စည်းကိရိယာများအသုံးပြု၍ Biometric ကိုယ်ရေးအချက် အလက်များ ထည့်သွင်းထုတ်လုပ်နေမှု။
- နိုင်ငံသားနှင့်လူဝင်မှုကြီးကြပ်ရေးဌာန၌ ဌာနမှူး Colonel Starikovich Mikhail Vladimirovich က National Database တည်ဆောက်ထားရှိမှုနှင့် ဘယ်လာရုစ်ဗဟိုထိန်းချုပ်ကွပ်ကဲမှုစနစ်ဖွဲ့စည်းထားရှိမှု၊ စနစ်အတွက်လိုအပ်သည့် စီမံကွပ်ကဲမှု လုပ်ငန်းစဉ်များ၊ Biometric စနစ်ဖြင့် အမျိုးသားစိစစ်ရေးမှတ်ပုံတင်စာရွက်စာတမ်းများ သတ်မှတ်ချက်နှင့်အညီ ဖြည့်သွင်းမှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်မှု၊ e-ID ကတ်နှင့် Biometric အချက်အလက်များအသုံးပြု၍ Passport ပြုလုပ်နေပုံအဆင့်ဆင့်။
- မင့်စ်ခ်မြို့ရှိ နိုင်ငံတကာလေ့ကျင့်ရေးအကယ်ဒမီသင်တန်းကျောင်း၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် သင်ထောက်ကူပြုပစ္စည်းများအား သွားရောက်လေ့လာခဲ့။
ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသော x-Infotechကုမ္မဏီရှိ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဘယ်လာရုစ်သမ္မတနိုင်ငံ၏ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများတွင် နည်းပညာပိုင်းဆိုင်ရာအရ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် e-ID စနစ်နှင့်ပတ်သက်၍ နိုင်ငံတကာတွင် ဆောင်ရွက်ခဲ့မှုများကို power point ဖြင့် ရှင်းလင်းပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၅-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံသားနှင့်လူဝင်မှုကြီးကြပ်ရေးဌာနနှင့် နိုင်ငံတကာလေ့ကျင့်ရေးအကယ်ဒမီသင်တန်းကျောင်းတို့၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ e-ID ကတ် နှင့် Passport အတွင်းသို့ ခေတ်မီနည်းပညာများနှင့် စက်ပစ္စည်းကိရိယာများ အသုံးပြု၍ Biometric စနစ်ဖြင့် အမျိုးသားစိစစ်ရေးမှတ်ပုံတင်စာရွက်စာတမ်းများ သတ်မှတ်ချက်နှင့်အညီ ဖြည့်သွင်းမှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်မှုများအား သွားရောက်လေ့လာခဲ့။
Add new comment