တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မေလ ၄ ရက်တွင် ပုဂံမြို့၊ ရွှေစည်းခုံရှိစေတီရှိ ချူအင်လိုင်းတန်ဆောင်း၌ ရန်ကုန်မြို့၊ တရုတ်သံရုံးမှ လူငယ်များနှင့်တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ အစိုးရ၏အကူအညီဖြင့် ပြုပြင်မွမ်းနေသည့် သဗ္ဗေညုစေတီတော်သို့ သွားရောက်ဖူးမြော်လေ့လာကြည့်ရှုခဲ့ပါသည်။
ထို့နောက် ပုဂံဘုရားများအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညပိုင်းတွင် ညောင်ဦးမြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် တာဝန်ရှိသူများက ညောင်ဦးလေဆိပ်၌ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၅-၂၀၂၃)
-
တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပုဂံမြို့၊ ရွှေစည်းခုံရှိစေတီရှိ ချူအင်လိုင်းတန်ဆောင်း၌ ရန်ကုန်မြို့၊ တရုတ်သံရုံးမှ လူငယ်များနှင့်တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ အစိုးရ၏ အကူအညီဖြင့် ပြုပြင်မွမ်းနေသည့် သဗ္ဗေညုစေတီတော်သို့ သွားရောက်ဖူးမြော်ခဲ့။
Add new comment