နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

    အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၆ ရက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်−

  • European Centre for Medium-Range Weather Forecasts (ECMWF)၊ Global Forecast System (GFS) Model (၂) ခုနှင့် မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနတို့၏ ကြိုတင်ခန့်မှန်းမှုအရ ဘင်္ဂလားပင်လယ်အော်အတွင်း မေလ ၈ ရက်၌ လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းဖြစ်ပေါ်ရာမှ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲကာ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး စပ်ကြားနယ်မြေ (သို့မဟုတ်) ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု ခန့်မှန်းချက်အရ သိရှိရကြောင်း။
  • မုန်တိုင်းဝင်ရောက်လာမည်ဆိုပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ယခုကတည်းကပင် စတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။
  • အရေးပေါ်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့်အချက်အလက်များကို ပြုစုထားပြီးဖြစ်ကြောင်း။
  • အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရသည့် ပစ္စည်းကိရိယာများကိုလည်း ပြည့်ပြည့်စုံစုံ ဖြစ်စေရန် ကြိုတင်စုံစမ်းဆောင်ရွက်ထားရမည်ဖြစ်ကြောင်း။
  • ယင်းသို့ဆောင်ရွက်သည့်အခါတွင် အမျိုးသားအဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသာမက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်တွင်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း။
  • စေတနာ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ ပေါင်းစပ်ညှိနှိုင်း၍ ပြင်ဆင်သင့်သည့်လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း။
  • အလားတူ ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသည့်ပြည်သူများအတွက်လည်း မြို့နယ်၊ ကျေးရွာများအလိုက် ယခုကတည်းကပင် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။
  • မုန်တိုင်းမဝင်ရောက်မီ ပြင်ဆင်သည့်လုပ်ငန်းများ၊ ရွှေ့ပြောင်းသည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုမည့်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အစားအသောက်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များစသည်တို့ကို ယခုကတည်းကပင် တည်မြဲအမိန့်ပါအတိုင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ ပေါင်းစပ်ကာ တာဝန်များခွဲဝေ၍ စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း။
  • တက်ရောက်လာကြသူများအနေဖြင့် မိမိတို့အတွေ့အကြုံအရ ဌာနအလိုက် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည့်ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ဒေါက်တာသက်သက်ခိုင်တို့က သဘာဝဘေးအန္တရာယ်အရေး ပေါ်ကျရောက်လာပါက တုံ့ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၄-၂၀၂၃)

  • အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရသည့် ပစ္စည်းကိရိယာများကိုလည်း ပြည့်ပြည့်စုံစုံဖြစ်စေရန် ကြိုတင်စုံစမ်းဆောင်ရွက်ထားရမည်ဖြစ်။
  • စေတနာ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ ပေါင်းစပ်ညှိနှိုင်း၍ ပြင်ဆင်သင့်သည့်လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်။
  • ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသည့်ပြည်သူများအတွက်လည်း မြို့ နယ်၊ ကျေးရွာများအလိုက် ယခုကတည်းကပင် ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်။
  • မုန်တိုင်းမဝင်ရောက်မီ ပြင်ဆင်သည့်လုပ်ငန်းများ၊ ရွှေ့ပြောင်းသည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုမည့်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အစားအသောက်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များစသည်တို့ကို ယခုကတည်း ကပင် တည်မြဲအမိန့်ပါအတိုင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ ပေါင်းစပ်ကာ တာဝန်များ ခွဲဝေ၍ စီမံဆောင်ရွက်ရန် လိုအပ်။

Add new comment