မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုသိရှိလာရောက်လည်ပတ်စေရေးနှင့် ရုရှားခရီးသွားဈေးကွက်တွင် မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ရုရှားနိုင်ငံမှ ခရီးသွားအေဂျင်စီများ၊ သတင်းမီဒီယာများနှင့် ခရီးသွားဝါသနာရှင်များ ပါဝင်သောအဖွဲ့အတွက် ရင်းနှီးကျွမ်းဝင်သည့် ခရီးစဉ်ကို စီစဉ်နိုင်ရန် အစိုးရ၊ ပုဂ္ဂလိကပါဝင်သောလုပ်ငန်းအဖွဲ့ဖွဲ့၍ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ရုရှားခရီးသွားများ လွယ်ကူချော မွေ့စွာဝင်ရောက်နိုင်ရေးအတွက် လေကြောင်းလိုင်းကိစ္စ၊ ငွေကြေးသုံးစွဲမှုကိစ္စရပ်နှင့် လိုအပ်သည်များကို ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၄-၂၀၂၃)
- ဝန်ကြီးဌာနအနေဖြင့် ရုရှားခရီးသွားများ လွယ်ကူချောမွေ့စွာဝင်ရောက်နိုင်ရေးအတွက် လေကြောင်းလိုင်းကိစ္စ၊ ငွေကြေးသုံးစွဲမှုကိစ္စရပ်နှင့် လိုအပ်သည်များကို ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်။
Add new comment