နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူနှင့်အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေး

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့်အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မေလ ၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ရာတွင်-

  • ရှေးယခင်ကတည်းက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ကောင်းမွန်ခဲ့မှုနှင့် တိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊
  • ယဉ်ကျေးမှုနှင့် ဘာသာရေး အပြန်အလှန်ဖလှယ်ရေး၊ ဘာသာရေးအရချစ်ကြည် ရင်းနှီးမှုမှသည် နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြားနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာနိုင်သည့်အခြေအနေများ၊
  • မြန်မာနိုင်ငံတွင် ရုရှားအော်သိုဒေါ့ဘုရားကျောင်းတည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့် ရုရှားနိုင်ငံတွင် ဗုဒ္ဓစင်တာနှင့် ရွှေစည်းခုံစေတီတော်ပုံစံတူ တည်ဆောက်ထားမှုအခြေအနေများ၊
  • ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့် စကျင်ကျောက်တော်ဖြင့် ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိမှုအခြေအနေများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ပြီး ဘုန်းတော်ကြီးက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ အတွက် ဆုမွန်တောင်းစကားပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီးနှင့်အတူ အော်သိုဒေါ့ဘုန်းတော်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Mr. Dr. Nikolay Listopadov တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၅-၂၀၂၃)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စင်ကာပူနှင့် အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီးနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆက်လက် ဆောင်ရွက်မည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ရုရှားအော်သိုဒေါ့ဘုရားကျောင်း တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့် ရုရှားနိုင်ငံတွင် ဗုဒ္ဓစင်တာနှင့် ရွှေစည်းခုံစေတီတော်ပုံစံတူ တည်ဆောက်ထားမှုအခြေအနေများကို ဆွေးနွေးခဲ့။

Add new comment