ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်(Minsk)မြို့ ၌ ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister နှင့်တွေ့ဆုံဆွေးနွေး

      ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီး Lt General Ivan Kubrakob ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် မေလ ၃ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister Major General Nazarenko Yuryi Gennadievich၊ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ဘယ်လာရုစ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် Biometric နည်းပညာသုံး အမျိုးသားစိစစ်ရေးကတ်စနစ်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ မင့်စ်ခ်မြို့ရှိ အမျိုးသားအီလက်ထရောနစ်ဗဟိုထိန်းချုပ်ကွပ်ကဲရေးစင်တာရှိ တာဝန်ရှိသူများက ဘယ်လာရုစ်နိုင်ငံ၏ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်မှု အခြေအနေများ၊ သတင်းအချက်အလက်စနစ်ပေါ်ပေါက်လာပုံနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုစနစ်အတွက် လိုအပ်သည့်အရင်းအမြစ်များ၊ လက်ရှိအသုံးပြုဆောင် ရွက်နေမှုအခြေအနေများကို  ရှင်းလင်းပြသကြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်   e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၅-၂၀၂၃)

  • ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်မြို့၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဘယ်လာရုစ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် Biometric နည်းပညာသုံး အမျိုးသားစိစစ်ရေးကတ်စနစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများနှင့် ဘယ်လာရုစ်နိုင်ငံ၏ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့။

Add new comment