မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)၊ သာသနာတော်နှစ် (၂၅၆၇) ခုနှစ် အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များမှ ကြီးမှူး၍ မန္တလေးမြို့လေးပြင်လေးရပ်မှ သံဃာတော် (၁၀,၂၆၈) ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူပွဲအခမ်းအနားကို မေလ ၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားအား မန္တလေးမြို့ ကျုံးအရှေ့၊ အနောက်၊ တောင်နှင့် မြောက်ဘက်တို့ရှိ သတ်မှတ်မင်္ဂလာမဏ္ဍပ်များတွင် ဆရာတော်များအား အစီအစဉ်အတိုင်း တပြိုင်တည်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်ပြည်သူများက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင်မော်လမြိုင်မြို့ရှိ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ပရိဝုဏ်အတွင်း၌ ဆရာတော်၊ သံဃာတော်၊ သီလရှင် စုစုပေါင်း (၃၁၅) ပါး၊ ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် သံဃာတော်၊ သီလရှင် စုစုပေါင်း (၂,၃၁၁) ပါး၊ မကွေးမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်၊ သီလရှင် စုစုပေါင်း (၁,၁၇၄) ပါး၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမောဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်ပေါ်တွင် သံဃာတော်၊ သီလရှင် စုစုပေါင်း (၁,၁၀၀) ပါးတို့အား ဒေသခံပြည်သူအသီးသီးက စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၅-၂၀၂၃)
-
ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့ ကျုံးအရှေ့၊ အနောက်၊ တောင်နှင့် မြောက်ဘက်တို့ရှိ သတ်မှတ်မင်္ဂလာမဏ္ဍပ်များမှ သံဃာတော် (၁၀,၂၆၈) ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်း လှူဒါန်းပွဲ အခမ်းအနားအား အလှူရှင်ပြည်သူများက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့။
Add new comment