မြန်မာနိုင်ငံအစိုးရက ဆီးရီးယားအာရပ်သမ္မတနိုင်ငံအား လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် အလှူငွေပေးအပ်လှူဒါန်း

     ဆီးရီးယားအာရပ်သမ္မတနိုင်ငံတွင် ဖေဖော်ဝါရီလ ၆ ရက်က မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများအတွက် မြန်မာနိုင်ငံအစိုးရက လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အလှူငွေ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နှင့်ညီမျှသည့် အိန္ဒိယ ရူပီးငွေ ၈,၁၂၇,၂၀၄ ကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က အိန္ဒိယနိုင်ငံဆိုင်ရာ ဆီးရီးယားသံအမတ်ကြီး H.E. Dr. Bassam Seifeddin Alkhatib ထံသို့ ဧပြီလ ၂၈ ရက်တွင် လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၄-၅-၂၀၂၃)

 

 

 

  • မြန်မာနိုင်ငံအစိုးရက ဆီးရီးယားအာရပ်သမ္မတနိုင်ငံအား လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် အလှူငွေ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နှင့် ညီမျှသည့် အိန္ဒိယရူပီးငွေ ၈,၁၂၇,၂၀၄ ပေးအပ်လှူဒါန်းခဲ့။

Add new comment