ကဆုန်ညောင်ရေသွန်းလောင်းပွဲများကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘုရားပုထိုးစေတီများ၌ မေလ ၃ ရက်တွင် ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ တာဝန်ရှိသူများ၊ ဝတ်အသင်းများနှင့် ကုသိုလ်ကောင်းမှုပြုလုပ်သူများက သတ်မှတ်နေရာများအလိုက် မဟာဗောဓိပင်များကို ညောင်ရေသွန်းလောင်းလှူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အားရည်စူး၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ဒါနသီလပွား များခြင်းစသည့် သူတော်ကောင်းတရားများကို အားထုတ်ဆောင်ရွက်ကြသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၅-၂၀၂၃)
|
Add new comment