တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးတို့ကို မေလ ၃ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူများကို တစ်ဦးလျှင် ခရီးစရိတ်အဖြစ် ခရီးမိုင်တစ်မိုင်အား ငွေကျပ် ၃၅ ကျပ်နှုန်း၊ စားစရိတ်အား တစ်ရက်လျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ဦးစီးရန်ပုံငွေမှ ပြည့်ဝစွာ ထုတ်ပေးခဲ့ပါသည်။
အကျဉ်းသား၊ အကျဉ်းသူများအား လွှတ်ပေးရာတွင် အကျဉ်းထောင်ရုံးစိုက်ရာ မြို့ရှိ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ အကျဉ်းထောင်တာဝန်ခံအရာရှိ၊ သက်ဆိုင်ရာဒေသရှိ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးများ၊ သတင်းရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ ပါဝင်သောအဖွဲ့ဖြင့် ဆုံးမဩဝါဒစကားပြောကြား၍ ထောင်လွတ်လက်မှတ် ပေးအပ်ခဲ့ပါသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများနှင့် အကျဉ်းထောင်ရှေ့သို့ လာရောက်ကြိုဆိုသော ၎င်းတို့၏ မိသားစုဝင်များမှာ ပျော်ရွှင်ကြည်နူးဝမ်းမြောက်စွာ နှုတ်ဆက်ကြပြီး ခရီးဝေးသွားရောက်ကြမည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများအား ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်များသို့ မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များ က လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၄-၅-၂၀၂၃)
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦး တို့ကို မေလ ၃ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့။
Add new comment