ကဆုန်လပြည့်ဗုဒ္ဓနေ့ ဓမ္မသဘင်မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို

     ၂၀၂၃ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ ဓမ္မသဘင်မင်္ဂလာအခမ်းအနားကို မေလ ၃ ရက် ညပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် သီတဂူဆရာတော်ကြီး ဟောကြားတော်မူသည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ ဓမ္မကထာဒေသနာတော်ကို ရိုသေလေးမြတ်စွာ နာယူကြည်ညိုကာ ဓမ္မပူဇာနဝကမ္မ အလှူတော်ငွေကျပ် ၁,၁၁၁ သိန်းကျော်ကို ပေးအပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြပါသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်ကြီးနှင့် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးတို့အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာကြီးများနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၅-၂၀၂၃)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် သီတဂူဆရာတော်ကြီး ဟောကြားတော်မူသည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ ဓမ္မကထာဒေသနာတော်ကို ရိုသေလေးမြတ်စွာ နာယူကြည်ညိုကြပြီး ဓမ္မပူဇာနဝကမ္မ အလှူတော် ငွေကျပ် ၁,၁၁၁ သိန်းကျော်ကို ပေးအပ်လှူဒါန်းခဲ့။

Add new comment