တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

     မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင်  ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည့် ညောင်ရေသွန်းပွဲအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဘုရားပုထိုးစေတီများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်လျက်ရှိပါသည်။

ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားအားရည်မှန်း၍  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ပဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကြသူများ၊ ဆွမ်းဆန်စိမ်းလောင်းလှူကြသူ များ၊   ကုသိုလ်ဒါနကောင်းမှုပြုကြသူများ၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းကြသူများ၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းကြသူများစသဖြင့် ဘုရားဖူးလာပြည်သူများနှင့် စည်ကားများပြားလျက်ရှိပါသည်၊၊

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၅-၂၀၂၃)

  • ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင်  ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည့် ညောင်ရေသွန်းပွဲအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဘုရားပုထိုးစေတီများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ပဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကြသူများ၊ ဆွမ်းဆန်စိမ်းလောင်းလှူကြသူများ၊   ကုသိုလ်ဒါနကောင်းမှုပြုကြသူများ၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းကြသူများ၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းကြသူများစသဖြင့် ဘုရားဖူးလာပြည်သူ များနှင့် စည်ကားများပြားလျက်ရှိ။

Add new comment