ASEAN-BAC Chairman Mr. Arsjad Rasjid P.M ဦးဆောင်သောအဖွဲ့နှင့် ASEAN-BAC အဖွဲ့ဝင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ပူးပေါင်း၍ မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် “The Role of ASEAN-BAC in Developing ASEAN Private Sector: Myanmar, A Potential Key Player” ခေါင်းစဉ်ဖြင့် စီးပွားရေးဖိုရမ်ကို မေလ ၂ ရက်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါဖိုရမ်တွင်-
- မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ASEAN-BAC ၏ ပံ့ပိုးပူးပေါင်းပါဝင်မှုသည် မြန်မာနိုင်ငံစီးပွားရေးကဏ္ဍ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် အားလုံးအတွက် အကျိုးဖြစ်စေမည့် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာဆီယံဒေသတစ်ခုလုံးအပေါ်တွင် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုများရရှိလာနိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အာဆီယံ အဝန်းအဝိုင်းကိုလည်း အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့။
- Mr. Arsjad Rasjid P.M က မိမိတို့ ASEAN Roadshow ခရီးစဉ်က စီးပွားရေးပေါင်းစည်းချိတ်ဆက်မှုနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး အာဆီယံဗဟိုပြုမှုကို တိုးတက်စေရန်နှင့် အရှေ့တောင်အာရှဒေသက တိုးတက်ကြီးပွားခြင်း၏ အချက်အချာကျသည့် ဗဟိုဆုံချက်တစ်ခုဖြစ် ပေါ်လာစေရန် ရည်ရွယ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအတွက် အရေးပါသည့်အဖွဲ့ဝင်ဖြစ်ပြီး အာဆီယံနှင့် မြန်မာနိုင်ငံတို့အကြား နက်နဲသည့် ပေါင်းစည်းချိတ်ဆက်မှုများကို လုပ်ဆောင်လိုကြောင်းကိုလည်း မိမိတို့ခရီးစဉ်မှတစ်ဆင့် ပြသလိုကြောင်း၊ မြန်မာနှင့် အာဆီယံတို့၏ ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုအားကောင်းသည့် ဒေသတွင်းပေါင်းစည်းချိတ်ဆက်မှုကိုရရှိပြီး ယင်းမှတစ်ဆင့် ဒေသတွင်းတည်ငြိမ်မှုနှင့် တိုးတက်ကြီးပွားမှုတို့ကို ပိုမိုထောက်ပံ့စေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့။
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် မြန်မာ့စီးပွားရေးတိုးတက်လာစေရန်အတွက် ASEAN Business Advisory Council (ASEAN-BAC) နှင့် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အာဆီယံအပါအဝင် နိုင်ငံတကာ စီးပွားရေးအခင်းအကျင်းတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း ASEAN-BAC Indonesia Chairman က အာဆီယံနိုင်ငံများနှင့် ဦးစားပေးဆောင်ရွက်သွားမည့် စီးပွားရေးကဏ္ဍများ၊ အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ အာဆီယံ-မြန်မာအကြား စီးပွားရေးပေါင်းစည်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ပံ့ပိုး ကူညီပေးနိုင်မည့် အစီအစဉ်များကို Panel Discussion တွင် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပုဂ္ဂိုလ်များနှင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၃-၅-၂၀၂၃)
- ASEAN Roadshow ခရီးစဉ်က စီးပွားရေးပေါင်းစည်းချိတ်ဆက်မှုနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး အာဆီယံဗဟိုပြုမှုကို တိုးတက်စေရန်နှင့် အရှေ့တောင်အာရှဒေသက တိုးတက်ကြီးပွားခြင်း၏ အချက်အချာကျသည့် ဗဟိုဆုံချက် တစ်ခုဖြစ် ပေါ်လာစေရန်ရည်ရွယ်။
- မြန်မာနိုင်ငံသည် အာဆီယံအတွက် အရေးပါသည့်အဖွဲ့ဝင်ဖြစ်ပြီး အာဆီယံနှင့် မြန်မာနိုင်ငံတို့အကြား နက်နဲသည့် ပေါင်းစည်းချိတ်ဆက်မှုများကို လုပ်ဆောင်လိုကြောင်းကိုလည်း မိမိတို့ခရီးစဉ်မှတစ်ဆင့် ပြသလိုကြောင်း၊ မြန်မာနှင့် အာဆီယံတို့၏ ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုအားကောင်းသည့် ဒေသတွင်းပေါင်းစည်းချိတ်ဆက်မှုကိုရရှိပြီး ယင်းမှတစ်ဆင့် ဒေသတွင်းတည်ငြိမ်မှုနှင့် တိုးတက်ကြီးပွားမှုတို့ကို ပိုမိုထောက်ပံ့စေမည်ဟု ယုံကြည်ကြောင်း ASEAN-BAC Chairman Mr. Arsjad Rasjid P.M က ပြောကြားခဲ့။
Add new comment