နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ ဧပြီလ ၂၉ ရက်တွင် တာချီလိတ်လေယာဉ်ကွင်း လေယာဉ်ပြေး လမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- တာချီလိတ်လေဆိပ်သို့ လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ ဆက်လက်အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လို ကြောင်း။
- တာချီလိတ်မြို့သို့ မော်တော်ယာဉ်၊ လေယာဉ်များဖြင့် ပြင်ပမှ ဝင်ရောက်လာသူများအား စနစ်တကျမှတ်တမ်းတင်ရန်လိုကြောင်း။
- ရှမ်းပြည်နယ်(အရှေ့ပိုင်းဒေသ)တွင် တောင်ယာများမီးရှို့ခြင်းမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် တာချီလိတ်လေဆိပ်ကို မတ်လနှင့် ဧပြီလတို့တွင် ရက် ၂၀ ကျော်ကြာ ပိတ်ခဲ့ရသော ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းဒေသ)အတွင်း တောင်ယာများ မီးရှို့ခြင်းနှင့် လယ်ယာများ၌ ကောက်ရိုးများမီးရှို့ခြင်းမရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန်လိုကြောင်း။
- ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုစနစ်ပပျောက်အောင် ဆောင်ရွက်ရန်နှင့် တောင်ယာများ၌ ကုန်းမြင့်လယ်စိုက်ပျိုးမှုစနစ်ကို ဖော်ဆောင်ပေးရန်လိုကြောင်း၊ တာဝန်ရှိသူများကို မှာကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်နေမှုနှင့် လေဆိပ်အဆောက်အဦကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၄-၂၀၂၃)
- တာချီလိတ်လေဆိပ်သို့ လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ ဆက်လက်အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လို။
- ရှမ်းပြည်နယ်(အရှေ့ပိုင်းဒေသ)တွင် တောင်ယာများမီးရှို့ခြင်းမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် တာချီလိတ်လေဆိပ်ကို မတ်လနှင့် ဧပြီလတို့တွင် ရက် ၂၀ ကျော်ကြာ ပိတ်ခဲ့ရသော ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းဒေသ)အတွင်း တောင်ယာများ မီးရှို့ခြင်းနှင့် လယ်ယာများ၌ ကောက်ရိုးများမီးရှို့ခြင်းမရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန်လို။
Add new comment