လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Marcoluigi Corsi ဦးဆောင်သောအဖွဲ့ကို ဧပြီလ ၂၈ ရက်တွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမတွင် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် UNICEF ၏ လက်ရှိလုပ်ငန်းအစီအစဉ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာ၊ နေထိုင်ခွင့်သက်တမ်း တိုးခြင်းနှင့် ပြည်တွင်းခရီးသွားလာရေး ထောက်ခံမှုပြုနိုင်မည့်ကိစ္စ၊ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းကိစ္စ၊ ဝန်ကြီးဌာနနှင့် UNICEF တို့ ဆက်လက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအစီအစဉ်များ ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၉-၄-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာ၊ နေထိုင်ခွင့်သက်တမ်းတိုးခြင်းနှင့် ပြည်တွင်းခရီးသွားလာရေး ထောက်ခံမှု ပြုနိုင်မည့်ကိစ္စများအား ဆွေးနွေးခဲ့။
Add new comment