Xiamen လေကြောင်းလိုင်း၏ ရှာ့မန်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပျံသန်းမှုကို ဧပြီလ ၂၆ ရက်ကစတင်ခဲ့ရာ ရှာ့မန်မြို့မှ ခရီးသည် ၁၅၂ ဦးသည် လေယာဉ်အမှတ်- MF8669/70 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ ၅ နာရီ မိနစ် ၃၀ တွင် ဆိုက်ရောက်လာခဲ့ပါသည်။ ရန်ကုန်-ရှာ့မန်တိုက်ရိုက်လေကြောင်းခရီးစဉ်များကို အပတ်စဉ်တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင်သုံးကြိမ် တိုက်ရိုက်ပျံသန်းပေးမည်ဖြစ်ပြီး ခရီးစဉ်များနှင့် ပတ်သက်၍ https://www. xiamenair.com/en-ww/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများအား စီမံခန့်ခွဲလျက်ရှိသော Yangon Aerodrome Company Limited (YACL) အနေဖြင့် နိုင်ငံတကာလေကြောင်း ခရီးစဉ်ပျံသန်းမှုများအတွက် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီးသည်များ သိရှိလိုက်နာရန် ခရီးသွားရာ နိုင်ငံအလိုက် လိုအပ်သော ဆိုက်ရောက်၊ ထွက်ခွာ၊ ပြည်အဝင်အထွက် ကန့်သတ်ချက်များကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့် အသိပေးလျက်ရှိ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၄-၂၀၂၃)
- Xiamen လေကြောင်းလိုင်း၏ ရှာ့မန်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ပျံသန်းရှိပြီး ရန်ကုန်-ရှာ့မန်တိုက်ရိုက်လေကြောင်းခရီးစဉ်များကို အပတ်စဉ်တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ နေ့တိုင်းတစ်ပတ်လျှင်သုံးကြိမ် တိုက်ရိုက်ပျံသန်းပေးမည်ဖြစ်ပြီး ခရီးစဉ်များနှင့် ပတ်သက်၍ https://www. xiamenair.com/en-ww/ တွင် ဝင်ရောက်လေ့လာနိုင်။
Add new comment