နယ်စပ်ဂိတ်များမှတစ်ဆင့် ခရီးသွားများ ဝင်ရောက်၊ ထွက်ခွာနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

     နယ်စပ်ဂိတ်များမှတစ်ဆင့် ခရီးသွားဧည့်သည်များ ဝင်ရောက်၊ ထွက်ခွာလည်ပတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၇ ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာခန်းမ၌ ကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က-

  • (၁၄) ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့်နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေး၌ မြန်မာ-လာအိုနယ်စပ်ဂိတ်များမှတစ်ဆင့် လာအိုနိုင်ငံသားများသာမက လာအိုနိုင်ငံသို့ လာရောက်လည်ပတ်သော တတိယနိုင်ငံသားများပါဝင်၊ ထွက်နိုင်ရေး အဆိုပြုလာသောကိစ္စကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
  • ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအဆိုပြုချက်သည် နယ်စပ်ဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်သည့်အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအနေဖြင့် ဝင်ရောက်လာမည့် ခရီးသွားများ လည်ပတ်သွားလာနိုင်သောနေရာများကို ရွေးချယ်အဆိုပြုပေးစေလိုကြောင်း။
  • မြန်မာ-လာအိုနယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရေးအတွက် အဆင်သင့်ဖြစ်နေစေရန် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်း ကူညီပေးကြစေလိုကြောင်း ပြောကြားခဲ့။

အစည်းအဝေးသို့  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်တာဝန်ခံများက တက်ရောက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၈-၄-၂၀၂၃)

  • (၁၄) ကြိမ်မြောက် မြန်မာ-လာအိုဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေး၌ မြန်မာ-လာအို နယ်စပ်ဂိတ်များမှတစ်ဆင့် လာအိုနိုင်ငံသားများသာမက လာအိုနိုင်ငံသို့ လာရောက်လည်ပတ်သော တတိယနိုင်ငံသားများပါဝင်၊ ထွက်နိုင်ရေး အဆိုပြုလာသောကိစ္စကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်နှင့်ပြည်သူလူထု၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့။

Add new comment