နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ဧပြီလ ၂၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ တွေ့ဆုံ၍ ဩဝါဒစကားမြွက်ကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဩဝါဒစကားမြွက်ကြားရာတွင်-
- လူငယ်ဆိုသည်မှာ ဖျတ်လတ်သွက်လက်ခြင်း၊ နိုးကြားတက်ကြွခြင်း၊ ခွန်အားရှိခြင်း၊ စူးစမ်းတတ်ခြင်း၊ စွန့်စားခြင်း၊ ရဲရင့်ခြင်းနှင့် ဖန်တီးနိုင်စွမ်းအားရှိသူများပင်ဖြစ်ကြကြောင်း။
- ပညာထူးချွန်ပြီးထက်မြက်သည့် ဉာဏ်ရည်ဉာဏ်သွေးနှင့် အသိပညာ၊ အတတ်ပညာများ တတ်မြောက်သည့်အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ်မာ ခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစသည့် ကောင်းမြတ်သော အရည်အသွေးများပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို အုတ်မြစ်ချတည်ဆောက်ခြင်းပင်ဖြစ်ကြောင်း။
- ယခုပညာသင်နှစ်တွင် အဋ္ဌမတန်းလူရည်ချွန် ၁၆၀ ဦး၊ ဒဿမတန်းလူရည်ချွန် ၁၆၀ ဦး၊ ဧကာဒသမတန်းလူရည်ချွန် ၁၅၈ ဦး စုစုပေါင်း ၄၇၈ ဦးကို ရွေးချယ်မွေးထုတ်နိုင်ခဲ့ပြီး ပုဂံ၊ တောင်ကြီး၊ ငွေဆောင်စသည့် လူရည်ချွန်စခန်းအသီးသီးကို လေ့လာရေးခရီးစဉ်အဖြစ် စေလွှတ်သွားမည်ဖြစ်ကြောင်း။
- နိုင်ငံတော်အနေဖြင့် မောင်တို့မယ်တို့ကို နိုင်ငံ၏အနာဂတ်အတွက် ဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ရည်မှန်းချက်ထားပြီး အများနှင့် စုပေါင်းနေထိုင်တတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်နိုင်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် လူရည်ချွန်စီမံကိန်းအပြင် လူငယ်ကဏ္ဍ အစီအစဉ်များစွာကိုလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း။
- နိုင်ငံတော်အနေဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကို အရည်အချင်းစိစစ်ပြီး နိုင်ငံအသီးသီးသို့ ပညာတော်သင်များ စေလွှတ်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိသောကြောင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နိုင်ငံအရေးကို ဦးထိပ်ထားပြီး မိမိသင်ယူရမည့် ပညာရပ်နယ်ပယ်တွင် ထူးချွန်ထက်မြက်အောင် အပတ်တကုတ် ကြိုးစားအားထုတ်ကြရန် မှာကြားလိုကြောင်း။
- အားလပ်သည့်အချိန်တွင် မိမိတို့၏ပင်ကိုယ်အရည်အသွေးကိုမြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ အင်တာနက်ကို အကျိုးရှိစွာ အသုံးချပြီး အင်တာနက်ကို ပညာရှာမှီးရာတွင် အသုံးချရန်၊ စာများများဖတ်ကြရန်နှင့် မိမိ ကျန်းမာရေးကို ဂရုစိုက်ကြရန် မှာကြားလိုကြောင်း။
- နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်ရန်အတွက် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသကဲ့သို့ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးသည်လည်း အလွန်အရေးကြီး ကြောင်း။
- နိုင်ငံတော်ထာဝရအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားများ၏မြင့်မားသည့် အသိဉာဏ်ပညာ စွမ်းပကားနှင့် တည်ဆောက်ကြရမည် ဖြစ်သကဲ့သို့ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထား သည့်စိတ်၊ ကြိုးစားအားထုတ်လိုစိတ်၊ တီထွင်ဖန်တီး ထိုးထွင်းဆောင်ရွက်လိုစိတ်များရှိရန်လည်း အထူးလိုအပ်သည်ကို ပြောကြားလိုကြောင်း။
- “စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သည်” ဆိုသည့်စကားနှင့်အညီ ဆက်လက်လျှောက်လှမ်းရမည့် အနာဂတ်ခရီးလမ်းတွင်လည်း မောင်တို့မယ်တို့ ကျောင်းခန်းထဲတွင် တွေ့မြင်နေကြရသည့် “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့် ဆောင်ပုဒ်အတိုင်း ဥပဒေနှင့် စည်းကမ်းကို လေးစားလိုက်နာသည့် နိုင်ငံကြီးသားပီသစေရန် မမေ့မလျော့ အစဉ်အမြဲ ကျင့်ကြံနေထိုင်ကြရန်လည်း တိုက်တွန်းလိုကြောင်း။
- “လူရည်ချွန်စီမံကိန်း”သည် ဆယ်စုနှစ်များစွာ သန္ဓေတည်ဖွံ့ဖြိုးလာခဲ့ပြီး နိုင်ငံ့ သားကောင်းရတနာများ မွေးထုတ်ပေးခဲ့သည့်၊ အစဉ်အလာကောင်းရှိခဲ့သည့် ပညာရေးစီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ကြောင်း။
- နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို ပေါက်မြောက်အောင်မြင်ရန်အတွက် လာမည့်ပညာသင်နှစ်များတွင်လည်း အနာဂတ်မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ၊ လူရည်ချွန်မောင်မယ်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၄-၂၀၂၃)
- ပညာထူးချွန်ပြီးထက်မြက်သည့် ဉာဏ်ရည်ဉာဏ်သွေးနှင့် အသိပညာ၊ အတတ်ပညာများ တတ်မြောက်သည့်အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ် မာခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစသည့် ကောင်းမြတ်သော အရည်အသွေးများ ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို အုတ်မြစ်ချတည်ဆောက်ခြင်းပင်ဖြစ်။
- နိုင်ငံတော်အနေဖြင့် မောင်တို့မယ်တို့ကို နိုင်ငံ၏အနာဂတ်အတွက် ဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ရည်မှန်းချက်ထားပြီး အများနှင့် စုပေါင်းနေထိုင်တတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်နိုင်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် လူရည်ချွန်စီမံကိန်းအပြင် လူငယ်ကဏ္ဍအစီအစဉ်များစွာကိုလည်း အားပေးဆောင်ရွက်လျက်ရှိ။
- နိုင်ငံတော်အနေဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကို အရည်အချင်းစိစစ်ပြီး နိုင်ငံအသီးသီးသို့ ပညာတော်သင်များ စေလွှတ်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိသောကြောင့် ကျောင်းသား၊ ကျောင်း သူများအနေဖြင့် နိုင်ငံအရေးကို ဦးထိပ်ထားပြီး မိမိသင်ယူရမည့် ပညာရပ်နယ်ပယ်တွင် ထူးချွန်ထက်မြက်အောင် အပတ်တကုတ် ကြိုးစားအားထုတ်ကြရန်။
- နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်ရန်အတွက် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသကဲ့သို့ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးသည်လည်း အလွန်အရေးကြီး။
- နိုင်ငံတော် ထာဝရအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားများ၏မြင့်မားသည့် အသိဉာဏ်ပညာစွမ်းပကားနှင့် တည်ဆောက်ကြရမည်ဖြစ်သကဲ့သို့ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထား သည့်စိတ်၊ ကြိုးစားအားထုတ်လိုစိတ်၊ တီထွင်ဖန်တီး ထိုးထွင်းဆောင်ရွက်လို စိတ်များရှိရန်လည်း အထူးလိုအပ်။
Add new comment