ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ

       အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့သည်  ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း  ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို ဧပြီလ ၂၆ ရက်တွင် သက်ဆိုင်ရာဧည့်ခန်းမများ၌ အသီးသီးလက်ခံတွေ့ဆုံဆွေးနွေးခဲ့ရာတွင်-

  • ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့် တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ ပညာရေး၊ ဥပဒေရေးရာ၊ ဘဏ္ဍာရေးစသည့်ကဏ္ဍများတွင် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးကိစ္စများနှင့် ရုရှားနိုင်ငံတွင် ကျင်းပသည့် ဖိုရမ်များသို့ ပါဝင်တက်ရောက်ခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ယခင်ကာလများကပင် ကူညီပူးပေါင်းဆောင်ရွက်ခဲ့မှု၊ မြန်မာနိုင်ငံတွင်ရှိသော ရေအားလျှပ်စစ်အရင်း အမြစ်များမှ စီမံကိန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအပြင် မြန်မာနိုင်ငံမှ ပြည်တွင်းကုမ္ပဏီများနှင့်  ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အကျယ်တဝင့် တွေ့ဆုံဆွေးနွေးခဲ့။

အဆိုပါတွေ့ဆုံပွဲများသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၄-၂၀၂၃)

  • ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌတို့တွေ့ဆုံ၍ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များအား အကျယ်တဝင့်ဆွေးနွေးခဲ့။

Add new comment