နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)၏ အာရှ ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Alexander James Matheou အား ဧပြီလ ၂၆ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ အသီးသီးလက်ခံတွေ့ဆုံခဲ့ပါသည်။
-
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် IFRC ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက IFRC ၏ လုပ်ငန်းသဘောသဘာဝ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က ဆောင်ရွက်နေသည့် လုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ကူညီပံ့ပိုးပေးနေမှုကို ဆွေးနွေးပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေး၊ သန့်ရှင်းရေး၊ အသိပညာပေးရေးကဏ္ဍများတွင် နည်းပညာအကူအညီများ ပေးအပ်ရေးနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေး ပြောကြားခဲ့။
-
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် IFRC ၏ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးက IFRC ၏ လုပ်ငန်းသဘောသဘာဝ၊ IFRC နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) တို့အကြား ပူးပေါင်းဆောင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ညှိနှိုင်းဆောင်ရွက်ပေး နေမှုများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားခဲ့။
တွေ့ဆုံပွဲများသို့ ဒုတိယဝန်ကြီးများ၊ ဌာနအကြီးအမှူးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၇-၄-၂၀၂၃)
-
ပြည်ထောင်စုဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၏ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးတို့ တွေ့ဆုံရာတွင် IFRC ၏ လုပ်ငန်းသဘောသဘာဝ၊ IFRC နှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်း (MRCS) တို့အကြား ပူးပေါင်းဆောင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကျန်းမာရေး၊ သန့်ရှင်းရေး၊ အသိပညာပေးရေးကဏ္ဍများတွင် နည်းပညာအကူအညီများပေးအပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့။
Add new comment