နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်း အနားသို့ တက်ရောက်အမ

      ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ဧပြီလ ၂၅ ရက်တွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားရုံ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • ယခုသွားရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲကြီးသည် အားကစားမောင်မယ်များအဖို့ နိုင်ငံတော်အတွက် အားကစားလူချွန်လူကောင်းများဖြစ်ကြောင်း ပြသနိုင်မည့် အခွင့်အလမ်းကောင်းကြီးတစ်ရပ်ဖြစ်ကြောင်း။
  • အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံတွင်အမြင့်မားဆုံးသော အိုလံပစ်အားကစားပြိုင်ပွဲဖြစ်ပြီး ယခုပြိုင်ပွဲမှာတင်ကျေနပ်မနေဘဲ အာရှအိုလံပစ်၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ မျှော်မှန်းကြိုးပမ်း သွားကြစေလိုကြောင်း။
  • အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ယှဉ်ပြိုင်မှုမျိုးဖြစ်ကြောင်း။
  • အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရေးအတွက် ယခုကဲ့သို့နိုင်ငံတကာအားကစားပြိုင်ပွဲတစ်ရပ်ကို နိုင်ငံ့ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ရခြင်းသည် ထူးခြားသည့်ဂုဏ်ဒြပ်နှင့် အခွင့်အလမ်းဖြစ်သည်ကို အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများအားလုံး သတိချပ်ကြစေလိုကြောင်း။
  • အမိမြန်မာနိုင်ငံတော်နှင့် မြန်မာလူမျိုး၏ဂုဏ်သိက္ခာနှင့် ပတ်သက်ဆက်နွှယ်နေသည့်အတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာအားကစားအဖွဲ့ဝင်အားလုံး၏ ပခုံးထက်တွင်ရှိနေသည်ကိုလည်း သတိပြုနှလုံးသွင်းထားကြရမည်ဖြစ်ကြောင်း။
  • အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်”ဆိုသည့် ဆောင်ပုဒ်အတိုင်းအားကစားစိတ်ဓာတ်သည် တိုင်းပြည်ချစ်စိတ်ကိုဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်လိုသည့် စိတ် ပေါ်ပေါက်လာစေမည်ဖြစ်သည့်အတွက် အားကစားကဏ္ဍကို အားပေးမြှင့်တင် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။
  • အားကစားထူးချွန်သည့် လူငယ်များကိုယခုကဲ့သို့ နိုင်ငံ့လက်ရွေးစင်များအဖြစ် နိုင်ငံတကာပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်စေခြင်းဖြင့် အားကစားလူငယ်မောင်မယ်တို့၏ကြိုးပမ်းမှု၊ အောင်မြင်မှုများသည် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြင့်မားစေပြီး မိမိတို့တစ်ဦးချင်း၏ လူနေမှုဘဝများလည်း မြင့်မားလာစေမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အနေဖြင့်ခေတ်အဆက်ဆက် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုနှင့် ဂုဏ်ပြုဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကြီးများကိုလည်း အသက် (၆၀) ပြည့်မြောက်တဲ့အချိန်ကစပြီး သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံး လစဉ်ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့အထိ အားကစားသမားကြီး (၂၃၀)ကို လစဉ်ကျပ်တစ်ရာငါးဆယ့်ငါးသိန်းတစ်သောင်းတိတိ ထောက်ပံ့ပေး လျက်ရှိကြောင်း။
  • ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင်လည်း နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများထဲက ဝဏ္ဏကျော်ထင်ဘွဲ့  ၂၁ ဦး၊ လူမှုထူးချွန်ပထမအဆင့် ၃၆ ဦး၊ လူမှုထူးချွန် ဒုတိယအဆင့် ၃၉ ဦးနှင့် လူမှုထူးချွန်တတိယအဆင့် ၆၉ ဦးတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း။
  • ကျန်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း ဆက်လက်ပြီး စိစစ်ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်သကဲ့သို့ ယခုပြိုင်ပွဲတွင်နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူပေးကြမည့် အားကစားမောင်မယ်များအနေဖြင့်လည်း အလားတူ အခွင့် အရေးများ ရရှိလာကြမည်ဖြစ်ကြောင်း။
  • ပြိုင်ပွဲတွင် အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ရေးဆိုသည့် တာဝန်ကြီးကို နိုင်ငံတော်က ပေးအပ်လိုက်ပြီးဖြစ်ခြင်းကြောင့် မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်းသွားကြရန် ထပ်မံတိုက်တွန်းလိုကြောင်း။
  • ယခု (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ကို ယခုအပ်နှင်းလိုက်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အလံတော်သည် မောင်တို့မယ်တို့ အားကစားအဖွဲ့အတွက် ဂုဏ်ဒြပ်ရော၊ အမျိုးသားရေးတာဝန်ကိုပါ နိုင်ငံတော်၏ကိုယ်စားပြုနေသည်ဆိုသည့်ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏အောင်လံတလူလူ လွင့်ပျံနေစေရေး ရေကုန်ရေခမ်း အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် အလေးအနက် တိုက်တွန်းလိုကြောင်း။
  • မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေးသန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခန်းကြိုးပမ်းယှဉ်ပြိုင်သွားကြရန်၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့စရိုက်အစဉ်အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာပြုမူကျင့်ကြံ နေထိုင်ယှဉ်ပြိုင်ခဲ့ကြရန်၊ နိုင်ငံကြီးသားစိတ်ဓာတ်နှင့်  တရားမျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ပြီး အရှေ့တောင်အာရှဒေသညီနောင်နိုင်ငံများအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့် အားကစားချစ်ကြည်ရေးသံတမန်ကောင်းတာဝန်များကို ကျေပွန်ခဲ့ကြရန်၊ အားကစားနှင့်တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်းမောင်မယ်များအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံ နေစေရေး စွမ်းဆောင်သွားကြရန်နှင့် ဆုတံဆိပ်များနှင့် ပြန်လာမည့်အားကစားအဖွဲ့ကို မျှော်လင့်စောင့်ကြိုနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသိန်းဇံထံ အောင်နိုင်ရေးအလံကို အပ်နှင်းခဲ့ပြီးနောက် (၃၂)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည့်ပြိုင်ပွဲ၀င် လက်ရွေးစင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့်နည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ အားကစားနည်းများအလိုက် အားကစားပြိုင်ပွဲများတွင် အသုံး ပြုမည့် ပြိုင်ပွဲ၀င်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်မှ ၁၇ ရက်အထိကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲ၀င်မည့် အားကစားသမား ၃၄၁ ဦးသည် အားကစားနည်း ၁၉ နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၄-၂၀၂၃)

  • အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ယှဉ်ပြိုင်မှုမျိုးဖြစ်။
  • အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရေးအတွက် ယခုကဲ့သို့နိုင်ငံတကာအားကစားပြိုင်ပွဲတစ်ရပ်ကို နိုင်ငံ့ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ရခြင်းသည် ထူးခြားသည့်ဂုဏ်ဒြပ်နှင့် အခွင့်အလမ်းဖြစ်သည်ကို အုပ် ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများအားလုံး သတိချပ်ကြစေလို။
  • နိုင်ငံတော်အနေဖြင့်ခေတ်အဆက်ဆက် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုနှင့် ဂုဏ်ပြုဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကြီးများကိုလည်း အသက် (၆၀) ပြည့်မြောက်တဲ့အချိန်ကစပြီး သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံးလစဉ်ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့အထိ အားကစားသမားကြီး(၂၃၀)ကို လစဉ်ကျပ်တစ်ရာငါးဆယ့်ငါးသိန်းတစ်သောင်းတိတိ ထောက်ပံ့ပေး လျက်ရှိ။
  • ပြိုင်ပွဲတွင် အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ရေးဆိုသည့် တာဝန်ကြီးကို နိုင်ငံတော်က ပေးအပ်လိုက်ပြီးဖြစ်ခြင်းကြောင့် မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်းသွားကြရန် ထပ်မံတိုက်တွန်းလို။
  • (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ကို ယခုအပ်နှင်းလိုက်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အလံတော်သည် မောင်တို့မယ်တို့အားကစားအဖွဲ့အတွက် ဂုဏ်ဒြပ်ရော၊ အမျိုးသားရေးတာဝန်ကိုပါ နိုင်ငံတော်၏ကိုယ်စားပြုနေသည်ဆိုသည့်ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏အောင်လံတလူလူလွင့်ပျံနေစေရေး ရေကုန်ရေခမ်း အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် အလေးအနက် တိုက်တွန်းလို။

Add new comment