အာဆီယံ-တရုတ် စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေး အထိမ်းအမှတ်နှစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန ဝန်ကြီး Mr.Tang Renjian ၏ ဖိတ်ကြားချက်အရ အာဆီယံ−တရုတ်စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေး အထိမ်းအမှတ်နှစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၄ ရက်တွင် ရန်ကုန်မြို့မှ ပေကျင်းမြို့သို့ ထွက်ခွာခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများတို့သည် ဧပြီလ ၂၅ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Ma Youxiang ဦးဆောင်သော တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံလယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ Kempinski Hotel Beijing Yansha Center ၌ ကျင်းပသည့် အာဆီယံ−တရုတ်စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေးအထိမ်းအမှတ်နှစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတက်ရောက်စဉ် အာဆီယံ−တရုတ်စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေးအထိမ်းအမှတ်နှစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တွေ့ဆုံနှုတ်ဆက်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး၏ ထင်ရှားသည့်အမှတ်အသားများကို သဲပန်းချီဖြင့် ရေးဆွဲသရုပ်ဖော်ခြင်းတို့ကို ဆောင်ရွက်ကြပြီးနောက် အခမ်းအနား အစီအစဉ်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ လူငယ်လေးများက ကဗျာရွတ်ဆိုခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ဧည့်သည်တော်များက အာဆီယံ−တရုတ်စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေးအထိမ်းအမှတ်နှစ် ဖွင့်ပွဲအခမ်းအနားကို တရားဝင်ဖွင့်လှစ်ကြောင်းကြေညာပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၆-၄-၂၀၂၃)

  • ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သော တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
  • မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့၌ ကျင်းပသည့် အာဆီယံ−တရုတ်စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေးအထိမ်း  အမှတ်နှစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့။

Add new comment