အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဆက်လက်ဖော်ထုတ်အရေးယူ

       အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် လိုက်ပါမလုပ်ဆောင်ရန် တားမြစ်ထားသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည် ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို အားပေးလုပ်ဆောင်ခဲ့သဖြင့် တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ-  

  • ဧပြီလ ၁၉ ရက်မှ ၂၅ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၌ ၁၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၈ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ ၂ ဦးနှင့် မွန်ပြည်နယ်၌ ၂ ဦးနှင့် ကရင်ပြည်နယ်၌ ၁ ဦး စုစုပေါင်း ၂၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့၊၊
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်ထိ စုစုပေါင်း ၁,၃၈၈ ဦးအား ဥပဒေနှင့်အညီ အရေးယူထားပါသည်၊၊

ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။          

                

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၄-၂၀၂၃)

  • ဧပြီလ ၁၉ ရက်မှ ၂၅ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၌ ၁၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၈ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ ၂ ဦးနှင့် မွန်ပြည်နယ်၌ ၂ ဦးနှင့် ကရင်ပြည်နယ်၌ ၁ ဦး စုစုပေါင်း ၂၈ ဦးတို့ကို ဖမ်းဆီး ရမိခဲ့၊၊
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်ထိ စုစုပေါင်း ၁,၃၈၈ ဦးအား ဥပဒေနှင့်အညီအရေးယူထားရှိ။

Add new comment