နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြော ကြား

      မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြန်မာ နိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ မေလဆန်းပိုင်းတွင် နေပြည်တော်၌ကျင်းပရန် စီမံထားရှိပါ ကြောင်း။

  • ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတကာညီလာခံများနည်းတူ Keynote Address များ၊ Panel Discussion များပါဝင်မည်ဖြစ်ကြောင်း၊ အလားတူ Parallel Session နှင့်အတူ Themes, Sub-themes ၊Presentation၊ အမေး၊ အဖြေနှင့် အကြံပြုချက်ကဏ္ဍများပါဝင်မည်ဖြစ်ကြောင်း။

  • မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ဆွေးနွေးပွဲကို “မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးကောင်းမွန်စေရေး” ဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏အနာဂတ်ပညာရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း။

  • ပညာရေးကဏ္ဍအတွက်ခွင့်ပြုပေးခဲ့သည့် အသုံးစရိတ်များကို ပြန်ကြည့်မည်ဆိုပါက ၂၀၂၁ - ၂၀၂၂ခုနှစ် (၆)လဘတ်ဂျက် BE တွင် ငွေကျပ်သန်းပေါင်း ၁၁ သိန်း ကျော်ခန့်နှင့် RE တွင် ငွေကျပ်သန်းပေါင်း ၁၁ သိန်း ကျော်ခန့်ခွင့်ပြုပေးထား ခဲ့ကြောင်း။

  • BE ၏ GDP ကိုကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ ရာခိုင်နှုန်းနှင့် RE ၏ GDP အချိုးကိုကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့ကြောင်း၊ ၂၀၂၂ - ၂၀၂၃ ခုနှစ်ကို ပြန်ကြည့်မည်ဆိုပါက BEတွင် ခွင့်ပြုငွေကျပ် သန်းပေါင်း ၂၁ သိန်း ကျော်နှင့် RE တွင်ငွေကျပ်သန်းပေါင်း ၂၂ သိန်းကျော် တိုးမြှင့်ပေးခဲ့ကြောင်း။

  • မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)တွင် ရည်ရွယ်ချက်များ၊ ဆွေးနွေးရမည့်ခေါင်းစဉ်များ၊ ဆွေးနွေးရမည့်အချက်အလက်များကို ချမှတ်ပေးထားကြောင်း။

  • ပထမအချက်အနေဖြင့် ပညာရေးတန်းစဉ်ကူးပြောင်းမှုနည်းပါးခြင်းကို ကုစားနိုင်မည့်နည်းလမ်းရှာရန်ဖြစ်ကြောင်း။

  • ဒုတိယအချက်မှာ KG+9 ပညာရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးက ဆောင်ရွက်ရန်ဖြစ်ကြောင်း။

  • တတိယအချက်သည် သက်မွေးဝမ်းကျောင်းအခြေခံရရှိရေးအတွက် Grade 10, Grade 11, Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များ သင်ကြားရန်ဖြစ်ကြောင်း။

  • စတုတ္ထအချက်သည် လုပ်ငန်းခွင်လက်တွေ့အသုံးကျမည့်ပညာရပ်၊ ကျွမ်းကျင်မှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုသိပ္ပံကျောင်းများတွင် ထိရောက်စွာ သင်ကြားပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်ဖြစ်ကြောင်း။

  • ပဥ္စမအချက်သည် အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်းအထောက်အကူပြုစေမည့် ပတ်ဝန်းကျင်ဖြင့် သင်ကြားရန်ဖြစ်ကြောင်း။

  • ဆဌမအချက်သည် ဝိဇ္ဇာ၊ သိပ္ပံ နည်းပညာရှင်များ မွေးထုတ်ရန်တို့အပြင် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များရှိလာစေရန် မည်သို့ဆောင်ရွက်မည်ဆိုသည့် ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များကို ထည့်သွင်းအဖြေရှာ ကြရန်ချမှတ်ပေးထားကြောင်း။

  • ခေတ်အဆက်ဆက်တွင် အစိုးရအဆက်ဆက်၌ မြန်မာ့ပညာရေးတိုးတက်မြင့်မားစေရန် နည်းလမ်းအမျိုးမျိုးဖြင့် စီမံဆောင်ရွက်ခဲ့ကြကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံ၏တာဝန်ကို ပုခုံးပြောင်းထမ်းဆောင် ကြမည့် လူငယ်များ၏ပညာရေးသည် ကောင်းမွန်အောင်မြင်သည့် ပညာရေးဖြစ်ရမည်ဖြစ်ကြောင်း။

  • ထိုသို့အောင်မြင်ကောင်းမွန်စေရန် ယခုကဲ့သို့ပညာရေးညီလာခံကြီးကိုလည်း ကျင်းပခြင်းဖြစ်ကြောင်းနှင့် အားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်ကျင်းပမည့် ညီလာခံကြီးဖြစ်သည်နှင့်အညီ အောင်မြင်အောင် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၄-၂၀၂၂)

  • မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးကောင်းမွန်စေရေးဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပသွားမည်ဖြစ်။

  • ပညာရေးကဏ္ဍအတွက်ခွင့်ပြုပေးခဲ့သည့် အသုံးစရိတ်များကို ပြန်ကြည့်မည်ဆိုပါက ၂၀၂၁ - ၂၀၂၂ခုနှစ် ()လဘတ်ဂျက် BE တွင် ငွေကျပ်သန်းပေါင်း ၁၁ သိန်းကျော်ခန့်နှင့် RE တွင် ငွေကျပ်သန်းပေါင်း ၁၁ သိန်းကျော်ခန့်ခွင့်ပြုပေးခဲ့။

  • BE GDP ကိုကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ ရာခိုင်နှုန်းနှင့် RE GDP အချိုးကို ကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့၊ ၂၀၂၂ - ၂၀၂၃ ခုနှစ်ကို ပြန်ကြည့်မည်ဆိုပါက BE တွင် ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၂၁ သိန်း ကျော်နှင့် RE တွင် ငွေကျပ်သန်းပေါင်း ၂၂သိန်းကျော် တိုးမြှင့်ပေးခဲ့။

  • ခေတ်အဆက်ဆက်တွင် အစိုးရအဆက်ဆက်၌ မြန်မာ့ပညာရေးတိုးတက်မြင့်မားစေရန် နည်းလမ်းအမျိုးမျိုးဖြင့် စီမံဆောင်ရွက်ခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံ၏တာဝန်ကို ပုခုံးပြောင်းထမ်းဆောင် ကြမည့် လူငယ်များ၏ပညာရေးသည် ကောင်းမွန်အောင်မြင်သည့် ပညာရေးဖြစ်ရမည်ဖြစ်။

Add new comment