နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၅) ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံ အမှာစကားပြောကြား

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၅) ကျောင်းသား၊ ကျောင်းသူများကို ဧပြီလ ၂၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ငုရွှေဝါခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခ ချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်

  • နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ပေးနိုင်မည့် ပညာရေးဝန်ထမ်းကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း။
  • ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကိုပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးပြီး နယ်စပ်ဒေသမှ တိုင်းရင်းသားလူငယ်များကို အဆင့်မြင့် ပညာများ ဆက်လက်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း။
  • ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ယခုကဲ့သို့ ရည်မှန်းချက်များသာမက နယ်စပ်ဒေသမှ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဆောင်ရွက်ပေးနိုင်မည့် ဒေသခံတိုင်းရင်းသား ခေါင်းဆောင်ငယ်များ ပေါ်ပေါက်လာရေးရည်မှန်းပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့ရာ ယခုအခါသင်တန်းဆင်းစုစုပေါင်း ၁၄,၀၅၈ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်အဖြစ် “တိုင်းပြည်သာယာဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး”၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်အဖြစ် “စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး” နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” တို့ကို ဦးတည်ချက်ထားပြီး ဆောင်ရွက် လျက်ရှိကြောင်း။
  • နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေးအတွက် စားရေရိက္ခာလုံခြုံမှုရှိရေးသည် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင် ဖြစ်ပါကြောင်း။
  • မိမိတို့နိုင်ငံတွင် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် အလွန်အရေးကြီးကြောင်း။
  • ရွေးကောက်ပွဲသည် တိုင်းပြည်၏ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့်အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံ၏အနာဂတ်ကို ဖော်ဆောင်မည့် ခေါင်းဆောင်များ ရွေးချယ်ခြင်းဖြစ်သဖြင့် အလွန်အရေးကြီးကြောင်း။
  • လွတ်လပ်ပြီးတရားမျှတမှသာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်အပေါ်တွင် ယုံကြည်မှုရှိမည်ဖြစ်ပြီး ကောင်းမွန်သည့် နိုင်ငံရေးသမိုင်းကို ပုံဖော်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း မိမိတို့နိုင်ငံ၏ ဂုဏ် သိက္ခာ မြင့်မားစေမည်ဖြစ်ကြောင်း။
  • ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ဟုဆိုကြရာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများ အတူတကွ ပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်‌နှင့် လုပ်ပိုင် ခွင့်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွဲဝေကျင့်သုံးသွားကြရမည်ဖြစ်ကြောင်း။
  • မောင်တို့၊ မယ်တို့သည် ပညာသင်ကြားရေးတာဝန်ယူရမည့် ဆရာ၊ ဆရာမများဖြစ်သဖြင့် မိမိတို့သင်ကြားပြုစုပျိုးထောင်ပေးရမည့် လူငယ်များကို စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ပုံစံများ သိရှိနားလည်အောင် သင်ကြား ပေးကြရန်လိုကြောင်း။
  • ထိုသို့သင်ကြားရာတွင် မိမိတို့နိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာများနှင့် ယဉ်ကျေးမှုများကို ထိခိုက်ပျက်စီးမှုမရှိအောင်နှင့် ထိန်းသိမ်းကာကွယ်လို စိတ်ရှိအောင် သင်ကြားပေးရမည်လည်းဖြစ်သည့်အပြင် လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများကို စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ၏ သဘောသဘာဝနှင့် ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေကိုသာ သင်ကြားပေးရမည်ဖြစ်ကြောင်း။
  • ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် လက်နက်ကိုင်အဖွဲ့ (၃)ဖွဲ့ စုစုပေါင်း(၁၀)ဖွဲ့၏ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးနေရာတွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့်ရလဒ်များ ရရှိနေပြီဖြစ်ကြောင်း။
  • ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်ရှိလာခြင်းမရှိသေးသည့် တိုင်းရင်းသားအဖွဲ့ အစည်းများကိုလည်း ကြိုတင်ကန့်သတ်ချက်တစ်ခုမှမထားဘဲ တွေ့ဆုံဆွေးနွေးခြင်းကို အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုထားသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
  • နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရန်အတွက် ပညာရေးကဏ္ဍကို တိုးတက်အောင်မြှင့်တင်ကြရမည် ဖြစ်သကဲ့ သို့ ပညာတတ်များဖြင့်သာ နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
  • စာသင်ကျောင်းဆိုသည်မှာ စာပေသင်ကြားပေးသည့် နေရာသက်သက်သာမဟုတ်ဘဲ ပညာရေး၏အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြားသုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးသည့် နေရာမျိုးဖြစ်ရန်လိုကြောင်း။
  • မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော် အတူယှဉ်တွဲနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သဖြင့် စစ်မှန်သည့်ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန် အထူးအရေးကြီးကြောင်း။
  • လွတ်လပ်ရေးရယူခဲ့စဉ်ကလည်း ပင်လုံစာချုပ်ဖြင့် ပြည်ထောင်စုတစ်ခုလုံးကို စုစည်းမှုကိုသက်သေပြပြီး ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း။
  • ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် အနာဂတ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင်လည်း ပြည်ထောင်စုစိတ်ဓာတ်က အခြေခံအုတ်မြစ်ပင်ဖြစ်ကြောင်း။
  • ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးသည် တစ်မြေတည်းနေတစ်ရေတည်းသောက် သွေးချင်းညီအစ်ကိုများဆိုသည့်စိတ်၊ တောင်ပေါ်မြေပြန့်မခွဲခြားသားချင်းများဆိုသည့်စိတ်၊ မရှိအတူ ရှိအတူ အေးအတူပူအမျှ ဥမကွဲသိုက်မပျက်အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသော မိသားစုများဆိုသည့် စိတ်ပင်ဖြစ်ကြောင်း။
  • မောင်တို့၊ မယ်တို့အနေဖြင့် နိုင်ငံတော်က မျှော်လင့်အားထားပြီး ပြုစုပျိုးထောင်ပေးထားသည့် သားသမီးများပီသစွာ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိပြီး မိမိတို့တာဝန်ကျရာဒေသများတွင်ရှိသည့် ကျောင်းသားလူငယ်များကို နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်များရှိလာအောင်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများ ဖြစ်လာအောင်၊ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသူများ ဖြစ်လာအောင်၊ ဒေသအတွင်းနေထိုင်ကြသည့် တိုင်းရင်းသား အချင်းချင်းယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာတရားများကို အပြန်အလှန်လေးစားတန်ဖိုးထားပြီး လောကကောင်းကျိုး သယ်ပိုးလိုသူများဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ၊ ကျောင်းသား၊ ကျောင်းသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၄-၂၀၂၃)

  •  ရွေးကောက်ပွဲသည် တိုင်းပြည်၏ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့်အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံ၏အနာဂတ်ကို ဖော်ဆောင်မည့် ခေါင်းဆောင်များ ရွေးချယ်ခြင်းဖြစ်သဖြင့် အလွန်အရေးကြီး။
  • လွတ်လပ်ပြီးတရားမျှတမှသာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်အပေါ်တွင် ယုံကြည်မှုရှိမည်ဖြစ်ပြီး ကောင်းမွန်သည့် နိုင်ငံရေးသမိုင်းကို ပုံဖော်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း မိမိတို့နိုင်ငံ၏ဂုဏ် သိက္ခာ မြင့်မားစေမည်ဖြစ်။
  • မောင်တို့၊ မယ်တို့သည် ပညာသင်ကြားရေးတာဝန်ယူရမည့် ဆရာ၊ ဆရာမများဖြစ်သဖြင့် မိမိတို့သင်ကြားပြုစုပျိုးထောင်ပေးရမည့် လူငယ်များကို စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ပုံစံများ သိရှိနားလည်အောင် သင်ကြား ပေးကြရန်လို။
  • နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍကို တိုးတက်အောင်မြှင့်တင်ကြရမည်ဖြစ်သကဲ့သို့ ပညာ တတ်များဖြင့်သာ နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
  • လွတ်လပ်ရေးရယူခဲ့စဉ်ကလည်း ပင်လုံစာချုပ်ဖြင့် ပြည်ထောင်စုတစ်ခုလုံးကို စုစည်းမှုကိုသက်သေပြပြီး ရယူနိုင်ခဲ့ခြင်းဖြစ်။
  • ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် အနာဂတ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင်လည်း ပြည်ထောင်စုစိတ်ဓာတ်က အခြေခံအုတ်မြစ်ပင်ဖြစ်။
  • ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မိမိတို့တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးသည် တစ်မြေတည်းနေတစ်ရေတည်းသောက် သွေးချင်းညီအစ်ကိုများဆိုသည့်စိတ်၊ တောင်ပေါ်မြေပြန့်မခွဲခြားသားချင်းများဆိုသည့်စိတ်၊ မရှိအတူ ရှိအတူ အေးအတူပူအမျှ ဥမကွဲသိုက်မပျက်အတူတကွ ချစ်ကြည်ရင်းနှီးစွာနေထိုင်ကြသော မိသားစုများဆိုသည့် စိတ်ပင်ဖြစ်။

Add new comment