ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံ

      ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဧပြီလ ၂၄ ရက်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) မှ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး (IFRC Regional Director for Asia-Pacific Region) Mr. Alexander James Matheou၊ IFRC ၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Ms. Nadia Christine KHOURY (Head of Delegation, IFRC) နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ကို ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နေသည့်ကိစ္စ၊ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားရသည့် အိမ်ထောင်စုများ၊ ပြည်သူများအား ခွဲခြားမှုမရှိဘဲ အကူအညီများပေးအပ်နိုင်ရေးနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများ၌ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့်အညီ နိုင်ငံ၏အကျိုးစီးပွားအား ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးတွင် အကူအညီပေးရေးကိစ္စနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၄-၂၀၂၃)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ကို တွေ့ဆုံရာတွင် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားရသည့် အိမ်ထောင်စုများ၊ ပြည်သူများအား ခွဲခြားမှုမရှိဘဲ အကူအညီများပေးအပ်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့။‌

Add new comment