သင်္ဃန်းကျွန်းမြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးအား PDF အကြမ်းဖက်သမားများက လုပ်ကြံပစ်ခတ်သတ်ဖြတ်

          ဧပြီလ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးစိုင်းကျော်သူသည် ၎င်းပိုင်ဆိုင်သည့် Honda Odyssey မော်တော်ယာဉ်ဖြင့် ဇနီးဖြစ်သူအား ဆေးရုံသို့ လိုက်လံပို့ဆောင်ပြီး ဝေဇယန္တရာလမ်းအတိုင်း နေအိမ်သို့ပြန်လာစဉ် ဝေဇယန္တရာလမ်းနှင့် ရတနာလမ်းထောင့်သို့အရောက်၌ PDF အကြမ်းဖက်သမား ၂ ဦးက ၎င်း၏ မော်တော်ယာဉ်ရှေ့သို့ ဘက်ထရီစက်ဘီး ၁ စီးဖြင့် ရောက်ရှိလာကာ ပစ္စတိုသေနတ် များဖြင့် ၁၂ ချက်ခန့် ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသွားခဲ့ရာ အဆိုပါပစ်ခတ်မှုကြောင့် ဦးစိုင်းကျော်သူတွင် ယာနားထင်၊ ဝဲလည်ပင်း၊ ယာလက်ဖျံနှင့် ဝဲနံစောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဦးစိုင်းကျော်သူ၏ရုပ်အလောင်းအား သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG CRPH တို့၏လက်ဝေခံ PDF အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်နှင့် ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်ရည်ရွယ်ချက်ဖြင့် ရဟန်းသံဃာ များ၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါသည်။

 ယခုကဲ့သို့ ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦး မမျှော်လင့်ဘဲအကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာမှုကြောင့် သေဆုံးခဲ့ရမှုအတွက် နိုင်ငံတော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွက် များစွာထိခိုက်နစ်နာဆုံးရှုံးခဲ့ရကြောင်းနှင့် အောက်တန်း ကျသည့်လုပ်ရပ်အား လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက မြေပြင်၌ စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၄-၂၀၂၃)

  • သင်္ဃန်းကျွန်းမြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူအား PDF အကြမ်းဖက်သမား ၂ ဦးက ပစ္စတိုသေနတ်များဖြင့် ၁၂ ချက်ခန့် ပစ်ခတ်ခဲ့ရာ အဆိုပါပစ်ခတ်မှုကြောင့် ဦးစိုင်း ကျော်သူတွင် ယာနားထင်၊ ဝဲလည်ပင်း၊ ယာလက်ဖျံနှင့် ဝဲနံစောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးသွားခဲ့။

Add new comment