နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
-
စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ဖေဖော်ဝါရီလထက် လယ်ယာထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၆၉၇,၀၁၀ ဖိုးနှင့် ရေထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၇၁,၇၂၆ ဒေါ်လာ ပိုမိုတင်ပို့ နိုင်ခဲ့။
-
မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လလျာထားချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ သုညဒဿမ ၀၈ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒဿမ ၀၈ သန်းဖြစ်ပြီး အမှန်တကယ် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၁.၁၃၈ သန်း၊ သွင်းကုန်အမေရိကန် ဒေါ်လာ သုညဒဿမ ၀၀၂ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့သည့်အတွက် လျာထားချက်ထက် ပိုမိုဆောင်ရွက်နိုင်ခဲ့။
-
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ၁၄ ရက်အထိ နှစ်ပတ်တာကာလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏအနေဖြင့် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၇၈.၉၅၄ သန်းနှင့် သွင်းကုန်မှ အမေရိကန်ဒေါ်လာ ၄၂.၄၉ သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၁.၄၄၄ သန်းရရှိထား။
-
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ရေထွက်ကုန်တန်ချိန် ၂၃၀,၈၇၈.၀၈၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၆၂.၃၄၄ သန်းရရှိခဲ့။
-
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း ပုစွန်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန်ချိန် ၁၄,၉၂၉.၉၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၁.၅၃၆ သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန်ချိန် ၁,၁၂၀.၈၁၈ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၅.၁၁၁ သန်းရရှိသည့်အတွက် စုစုပေါင်း ပုစွန်မက်ထရစ်တန်ချိန် ၁၆,၀၅၀.၇၆၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၆.၆၄၇ သန်းရရှိခဲ့။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ၁၄ ရက်အထိ နှစ်ပတ်တာကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ပို့ကုန် အမေရိကန်ဒေါ်လာ ၉၂.၆၂၄ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၁၄၉.၃၉၈ သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ရှိပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၀၇.၂၇၈ သန်း ပိုမိုခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၄-၂၀၂၃)
-
စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ဖေဖော်ဝါရီလထက် လယ်ယာထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၆၉၇,၀၁၀ ဖိုးနှင့် ရေထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၇၁,၇၂၆ ဒေါ်လာ ပိုမိုတင်ပို့ နိုင်ခဲ့။
-
မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁.၁၃၈ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ သုည ဒဿမ ၀၀၂ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့သည့်အတွက် လျာထားချက်ထက် ပိုမိုဆောင်ရွက်နိုင်ခဲ့။
-
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ၁၄ ရက်အထိ နှစ်ပတ်တာကာလအတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၁.၄၄၄ သန်းရရှိထား။
-
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ၁၄ ရက်အထိ နှစ်ပတ်တာကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ရှိပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၀၇.၂၇၈ သန်း ပိုမိုခဲ့။
-
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ရေထွက်ကုန် တန်ချိန် ၂၃၀,၈၇၈.၀၈၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၆၂.၃၄၄ သန်းရရှိခဲ့။
-
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း ပုစွန်မက်ထရစ်တန်ချိန် ၁၆,၀၅၀.၇၆၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၆.၆၄၇ သန်းရရှိခဲ့
Add new comment