တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားများကို ကျင်းပခဲ့ရာ-
- ဧပြီလ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူးမြို့နယ်၊ ကသာမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့မှ KIA/PDF အဖွဲ့ဝင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အားလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား လည်းကောင်း ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများအသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့ပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားပြီး ဧပြီလ ၂၁ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၃၄၁ ဦးနှင့် အမျိုးသမီး ၇၉ ဦး စုစုပေါင်း ၄၂၀ ဦး ရှိပြီ ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၄-၂၀၂၃)
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ KIA/PDF အဖွဲ့ဝင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် အမျိုး သမီး ၂ ဦးတို့အားလည်းကောင်း ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကာ ၎င်းတို့၏ အုပ်ထိန်းသူ မိဘ ဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
- ဧပြီလ ၂၁ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ ဝင် အမျိုးသား ၃၄၁ ဦးနှင့် အမျိုးသမီး ၇၉ ဦး စုစုပေါင်း ၄၂၀ ဦး ရှိပြီဖြစ်။
Add new comment