ဧပြီလ ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် PDF အကြမ်းဖက်သမားများက သင်္ကန်းများဝတ်ဆင်၍ ရဟန်းသံဃာများ အယောင်ဆောင်ကာ Mazda Titan Truck အမျိုးအစား မော်တော်ယာဉ်ဖြင့်ရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
PDF အကြမ်းဖက်သမားများသည် စစ်ရေးအရတိုက်ခိုက်မှုများတွင် ထိခိုက်ဆုံးရှုံးမှု များပြားနေသဖြင့် မြန်မာလူမျိုးအများစု၏ ကိုးကွယ်ယုံကြည်ရာဖြစ်သော ဗုဒ္ဓဘာသာကိုခုတုံးလုပ်၍ သာသနာတော်ညှိုးနွမ်း ပျက်စီးစေရန်အတွက် ဆင်ခြင်တုံတရား ကင်းမဲ့စွာ ဘက် ပေါင်းစုံမှ အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။
အဆိုပါ PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယခုကဲ့သို့သာသနာကိုခုတုံးလုပ်ပြီး မြင့်မြတ်သောရဟန်းသံဃာများဝတ်ဆင်သည့် သင်္ကန်းများကိုဝတ်ဆင်၍ ရဟန်းသံဃာအယောင်ဆောင်ကာ အောက်တန်းကျသော စိတ်ယုတ်စိတ်ဓာတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၄-၂၀၂၃)
- ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ၌ လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော လုံခြံရေးတပ်ဖွဲ့ဝင်များအား သင်္ကန်းများဝတ်ဆင်၍ ရဟန်းသံဃာအယောင်ဆောင်ထားသည့် PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့။
Add new comment