စီမံကိန်းအဆင့်-၂ တွင် ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် SME လုပ်ငန်းရှင် ၁,၅၉၅ ဦးသို့ ချေးငွေထုတ်ချေးပေးခဲ့

     မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို စီစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တို့တွင် ဂျပန်နိုင်ငံမှ ရရှိခဲ့သော SME Two Step Loan များကို ဆက်လက်ဆောင် ရွက်ပေးလျက်ရှိပါသည်။

စီမံကိန်းအဆင့်- တွင် ဘဏ် ဘဏ်မှတစ်ဆင့် ၂၀၂၃ ခုနှစ်၊ မတ်လကုန်အထိ SME လုပ်ငန်းရှင် ၅၅၃ ဦးသို့ ချေးငွေကျပ် ၁၂၄ ဒသမ ၇၇၈ ဘီလီယံအားလည်းကောင်း၊ စီမံကိန်းအဆင့်- တွင် ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် ၂၀၂၃ ခုနှစ်၊ မတ်လကုန်အထိ SME လုပ်ငန်းရှင် ,၅၉၅ ဦးသို့ ချေးငွေကျပ် ၂၇၅ ဒသမ ၀၁၁ ဘီလီယံထုတ်ချေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်()ရပ်အနက် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ(MSMEs)ကို ရေရှည် အာမခံ ချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟူသော ဦးတည်ချက်နှင့်အညီ ဆောင်ရွက်ဖော်ဆောင်ပေးလျက်ရှိပါသည်။

၎င်းစီမံကိန်းသည် နိုင်ငံတော်အတွက် SME လုပ်ငန်းများသာမက ပါဝင်ဆောင်ရွက်ပေးသည့် ဘဏ်များအတွက်လည်း အကျိုးကျေးဇူးရရှိစေသည့် စီမံကိန်းဖြစ်ပြီး ချေးငွေများကို နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားစုံလင်အောင် ထုတ်ချေးလျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ မြဝတီသတင်းစာ(၂၁-၄-၂၀၂၃)

  • နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို စီစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တို့တွင် ဂျပန်နိုင်ငံမှ ရရှိခဲ့သော SME Two Step Loan များကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ။
  • စီမံကိန်းအဆင့်- တွင် ဘဏ် ဘဏ်မှတစ်ဆင့် SME လုပ်ငန်းရှင် ၅၅၃ ဦးသို့ ချေးငွေကျပ် ၁၂၄ ဒသမ ၇၇၈ ဘီလီယံအားလည်းကောင်း၊ စီမံကိန်းအဆင့်- တွင် ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် SME လုပ်ငန်းရှင် ,၅၉၅ ဦးသို့ ချေးငွေကျပ် ၂၇၅ ဒသမ ၀၁၁ ဘီလီယံထုတ်ချေးခဲ့။
  • ချေးငွေများကို နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားစုံလင်အောင် ထုတ်ချေးလျက်ရှိ။

Add new comment