၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန် များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ဖေဖော်ဝါရီလထက် လယ်ယာထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၆၉၇,၀၁၀ ဖိုးနှင့် ရေထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၇၁,၇၂၆ ဒေါ်လာ ပိုမိုတင်ပို့နိုင်ခဲ့။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း ပုစွန်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ် တန်ချိန် ၁၄,၉၂၉.၉၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၁.၅၃၆ သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန်ချိန် ၁,၁၂၀.၈၁၈ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၅.၁၁၁ သန်းရရှိသည့်အတွက် စုစုပေါင်း ပုစွန်မက်ထရစ်တန်ချိန် ၁၆,၀၅၀.၇၆၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၆.၆၄၇ သန်းရရှိခဲ့။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ရေထွက်ကုန် တန်ချိန် ၂၃၀,၈၇၈.၀၈၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၆၂.၃၄၄ သန်းရရှိခဲ့။
  • မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လလျာထားချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ သုညဒသမ ၀၈ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈ သန်းဖြစ်ပြီး အမှန်တကယ်ဆောင်ရွက် နိုင်မှုမှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၃၈ သန်း၊ သွင်းကုန်အမေရိကန် ဒေါ်လာ သုည ဒသမ ၀၀၂ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့သည့်အတွက် လျာထား ချက်ထက် ပိုမိုဆောင်ရွက်နိုင်ခဲ့။

မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို နိုင်ငံပေါင်း ၄၀ ကျော်သို့ ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှလည်း တိုက်ရိုက်တင်ပို့ လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၄-၂၀၂)

 

  • စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ဖေဖော်ဝါရီလထက် လယ်ယာထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၆၉၇,၀၁၀ ဖိုးနှင့် ရေထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၇၁,၇၂၆ ဒေါ်လာ ပိုမိုတင်ပို့နိုင်ခဲ့။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ တစ်နှစ် တာကာလအတွင်း ပုစွန်မက်ထရစ်တန်ချိန် ၁၆,၀၅၀.၇၆၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၆.၆၄၇ သန်းရရှိခဲ့။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ရေထွက်ကုန် တန်ချိန် ၂၃၀,၈၇၈.၀၈၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၆၂.၃၄၄ သန်းရရှိခဲ့။
  • မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ပို့ကုန်အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၃၈ သန်း၊ သွင်းကုန်အမေရိကန် ဒေါ်လာ သုည ဒသမ ၀၀၂ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့သည့်အတွက် လျာထားချက်ထက် ပိုမိုဆောင်ရွက်နိုင်ခဲ့။

Add new comment