လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားပေးစက်ရုံမှူးများ၊ မဟာဓာတ်အားလိုင်းမှူးများ၊ ပင်မဓာတ်အားခွဲရုံမှူးများနှင့် ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၁၉ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က-
- နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာ အရေးပါသဖြင့် မိမိတို့နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရရှိနိုင်သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှု နည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း။
- လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတသည်ကိုလည်း တတ်နိုင်သမျှ ပြည်သူလူထု၏လိုအပ်ချက်ကို ထိန်းညှိ၍ ဖြန့်ဖြူးပေးနေရပြီး ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
- ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများကို ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံး (Losses) ဖြင့် ဗို့အားပြည့်ဝစွာ အချိန်မီရောက်ရှိစေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့။
အဆိုပါနေ့ ညပိုင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဓာတ်အားလိုင်းများ ပြတ်တောက်ရာတွင် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ခဲ့သည့် မဟာဓာတ်အားလိုင်းမှူးများနှင့် ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ထိန်းညှိဖြန့်ဖြူးဆောင်ရွက်ပေးခဲ့သည့် ဓာတ်အားပေး စက်ရုံမှူးများ၊ ပင်မဓာတ်အားခွဲရုံမှူးများ၊ အတာသင်္ကြန်ကာလအတွင်း ဝန်ကြီးဌာနကိုယ်စားပြု ဖျော်ဖြေပေးခဲ့သည့် သင်္ကြန်ယိမ်းအဖွဲ့တွင်ပါဝင်သော ဝန်ထမ်းများကို ဂုဏ်ပြုသည့် ညစာစားပွဲအခမ်းအနားကို ကျင်းပပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၄-၂၀၂၃)
- မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရရှိနိုင်သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုနည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိ။
- လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတသည်ကိုလည်း တတ်နိုင်သမျှ ပြည်သူလူထု၏ လိုအပ်ချက်ကို ထိန်းညှိ၍ ဖြန့်ဖြူးပေးနေရပြီး ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
Add new comment