၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရားစေတီများ၌ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိ

        မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်ဟောင်းကုန်လွန်၍ ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း () ရက်နေ့အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကို ဧပြီလ ၁၇ ရက်တွင် စေတီတော်ရင်ပြင် သတ်မှတ်နေရာများ၌ ကျင်းပပြုလုပ်ခဲ့ရာ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိပါသည်၊၊

မဟာဝိဇယစေတီတော်မြတ်ကြီး၌လည်း မြန်မာနှစ်ဆန်း()ရက်နေ့တွင် လာရောက် ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိပြီး မဟာဝိဇယစေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် လသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မဟာဝိဇယစေတီတော်ရှိ လိပ်ကန်အတွင်းသို့ ဇီဝိတဒါနအဖြစ် ငါးအကောင်ရေ ငါးသောင်းကို လွှတ်ပေးခဲ့ကြပါသည်၊၊

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေတွင် တည်ထားကိုးကွယ်လျက်ရှိသော ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် မြတ်ကြီး၊ ဆူးလေစေတီတော်၊ ဝရဒါဋ္ဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော်(ရန်ကုန်) ရွှေဘုန်းပွင့်စေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရားတို့၌ မြန်မာနှစ်ဆန်း()ရက်နေ့ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်းအခမ်းအနားတို့ကို ကျင်းပခဲ့ကြပြီး ဘုရားဖူးလာပြည်သူများအား စေတနာရှင်အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းခဲ့ကြပါသည်၊၊

မြန်မာနှစ်ဆန်း()ရက်နေ့ဖြစ်သည့်အားလျော်စွာ ပြည်သူများက ဘုရား၊ ကျောင်းကန်များ၌ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ဇီဝိတဒါန ဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ကြပြီး ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းညှပ်ပေးခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအစရှိသည့် ကုသိုလ်ကောင်းမှု အလှူဒါနအစုစုတို့ ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့မြန်မာပြည်အနှံ့၌ ကောင်းမြတ် သော မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို ကျင်းပပြုလုပ်ခြင်းဖြင့် ကြည်နူးဖွယ်ရာ မြင်ကွင်းများတွေ့နိုင်ပြီး နောင်လာနောက်သားမျိုးဆက်များအနေဖြင့်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်းသင့်သော အမွေအနှစ်ပုံရိပ်ကောင်းများပင် ဖြစ်ပါသည်၊၊

 

သတင်းရင်းမြစ်။(မြန်မာ့အလင်းသတင်းစာ ၁၈-၄-၂၀၂၃)

  • မြန်မာနှစ်ဆန်း () ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရားများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိပြီး ဘုရားဖူးလာပြည်သူများအား စေတနာရှင် အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းခဲ့။

 

Add new comment