၂၀၂၃ ခုနှစ်၊ မတ်လအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများ

       ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း အောက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ ပါသည်-

  • မတ်လ ၁ ရက်မှ ၃၁ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၄၅.၁ ကီလို၊ ဘိန်းဖြူ ၁၂၁.၃၂၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၄၃၉,၆၅၇ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၁၉၂.၁၅ ကီလို၊ အိုက်စ် ၁,၆၆၄.၈၇၈ ကီလို၊ ဆေးခြောက် ၈၃.၇၀၉ ကီလို၊ ဆေးခြောက်အရည် ၀.၆ လီတာ၊ ဆေးခြောက်မှုန့် ၂.၆၂ ကီလို၊ ဆေးခြောက်ပင် ၈ ပင်၊ ဘိန်းဆီခဲ ၀.၂၆၄ ကီလို၊ ဘိန်းစာရွက် ၁၈၉.၆၇၄ ကီလို၊ ဘိန်းစာမှုန့် ၂၅.၀၆၄ ကီလို၊ ဘိန်းစာရည် ၁ လီတာ၊ အက်တက်စီဆေးပြား ၂၂၀ ပြား၊ အက်တက်စီဆေးပြားအကြေ ၀.၂ ကီလို၊ ထရာမဒေါလ်ဆေးတောင့် ၁၅၀ တောင့်၊ Erimin ဆေးပြား ၄၉၀ ပြား၊ ကတ်တမင်း ၁.၁၆၅ ကီလို၊ Happy Water ၈.၈၆၃ ကီလို၊ ချောင်းဆိုးပျောက်ဆေးရည် ၃ လီတာ၊ ဆူဒိုအက်ဖီဒရင်းဆေးပြား ၈၀,၀၀၀ ပြား၊ Acetic Anhydride ၁,၇၁၀ လီတာ၊ Sodium Ethoxide ၁၀,၄၀၀ ကီလို၊ Sodium Hydroxide ၂,၅၀၀ ကီလို၊ Dichloromethane ၇,၆၈၀ လီတာ၊ Formaldehyde ၃,၀၀၀ လီတာနှင့် Caustic Soda ၁,၂၅၀ ကီလို စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၈၁,၀၃၇.၇၇၆ (US$ ၃၈ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၆၅၃ ဦး၊ အမျိုးသမီး ၉၈ ဦး၊ စုစုပေါင်းတရားခံ ၇၅၁ ဦး ဖမ်းဆီးရမိခဲ့ပါသည်။

အထက်ပါဖမ်းဆီးရမိသည့်တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။

 

သတင်းရင်းမြစ်။ မြဝတီသတင်းစာ(၁၈-၄-၂၀၂၃)

  • မတ်လအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၈၁,၀၃၇.၇၇၆ (US$ ၃၈ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ တရားခံ ၇၅၁ ဦးအား ဖမ်းဆီးရမိခဲ့။

Add new comment