တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

       တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၃,၀၁၅ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူ ၉၈ ဦး စုစုပေါင်း ၃,၁၁၃ ဦးတို့ကို ရာဇဝတ်မှုကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များ အပေါ်လျှော့ပေါ့၍ ဧပြီလ ၁၇ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူတို့ကို ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။

လွတ်မြောက်သွားသူများမှာ ကချင်ပြည်နယ်မှ ၁၂၅ ဦး၊ ကယားပြည်နယ်မှ ၁၁ ဦး၊ ကရင်ပြည်နယ်မှ ၈၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၇၇ ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၁၄၅ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၉၃ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၅၀ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၃၄၇ ဦး၊ မွန်ပြည်နယ်မှ ၃၉၈ ဦး၊ ရခိုင်ပြည်နယ်မှ ၁၇၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁,၂၇၇ ဦး၊ ရှမ်းပြည်နယ်မှ ၁၅၂ ဦး၊ ဧရာဝတီတိုင်းမှ ၈၂ ဦးတို့ ဖြစ်ကြပါသည်။   

ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသား(သီရိလင်္ကာနိုင်ငံသား) အကျဉ်းသား ၅ ဦးတို့အား နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသောစည်းကမ်းကန့်သတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင် ဒဏ်ပေး လိုက်ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၄-၂၀၂၂)

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၃,၀၁၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၉၈ ဦး စုစုပေါင်း ၃,၁၁၃ ဦးတို့ကို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ဧပြီလ ၁၇ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုခဲ့ပြီး နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူတို့ကို ပြည်နှင်ဒဏ်ပေးခဲ့။

 

Add new comment