မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကယားပြည်နယ်ဗဟိုမဏ္ဍပ်အား Drop Bomb တစ်လုံးအသုံးပြုကာ ယုတ်မာရက်စက်စွာ နှောင့်ယှက်ဖျက်ဆီး တိုက်ခိုက်ခဲ့မှုအပေါ် ဧပြီလ ၁၅ ရက်တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့က သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ပါသည်။
အဆိုပါအကြမ်းဖက်သမားများ၏ လူမဆန်သည့် ယုတ်မာတိုက်ခိုက်မှုသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ ပျော်ရွှင်စွာရေကစားနေသည့်မဏ္ဍပ်အား ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန်နှင့် အုပ်ချုပ်ရေးယန္တရားအား ပျက်စီးစေရန် လုပ်ဆောင်ခဲ့ကြောင်း ပေါ်လွင်ခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် အပြစ်မဲ့ပြည်သူ (၂၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် စစ်ရေးနှင့်မသက်ဆိုင်သော ပြည်သူများ၏ ပျော်ရွှင်စွာရေကစားနေသောမဏ္ဍပ်နေရာကို ပစ်ခတ်ဖျက်ဆီးခဲ့သည့် လုပ်ရပ်သည် ဒေသတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် နှစ်သစ်ကူးအတာသင်္ကြန်ကို ရုပ်ဆိုးအကျည်းတန်စေရန် ရည်ရွယ်လုပ်ဆောင်ကြောင်း ထင်ရှားသဖြင့် အဆိုပါအကြမ်းဖက်လုပ်ရပ်ကို လုပ်ကိုင်ခဲ့သည့် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကိုမဆို လုံးဝ(လုံးဝ)လက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အသင်းအဖွဲ့အသီးသီးမှ သဘောထားထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၆-၄-၂၀၂၃)
- စစ်ရေးနှင့်မသက်ဆိုင်သော ပြည်သူများ၏ ပျော်ရွှင်စွာရေကစားနေသော မဏ္ဍပ်နေရာကို ပစ်ခတ်ဖျက်ဆီးခဲ့သည့်လုပ်ရပ်သည် ဒေသတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် နှစ်သစ်ကူးအတာသင်္ကြန်ကို ရုပ်ဆိုးအကျည်းတန်စေရန် ရည်ရွယ်လုပ် ဆောင်ကြောင်း ထင်ရှားသဖြင့် အဆိုပါအကြမ်းဖက်လုပ်ရပ်ကို လုပ်ကိုင်ခဲ့သည့် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကိုမဆို လုံးဝ(လုံးဝ)လက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အသင်းအဖွဲ့အသီးသီးမှ သဘောထားများထုတ်ပြန်ခဲ့။
Add new comment